
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့ သည် လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း City Mart သို့ (၁၁.၆.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် သွားရောက်၍ ဆန်ရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂/က)၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာမှ City Mart တာဝန်ခံ ဒေါ်မျိုးမျိုးမြင့်အောင်မှ ပူးပေါင်းပါဝင်လျက် ရောင်းချနေသော ဆန်အမှတ်တံဆိပ်များမှာ Nursery (ပေါ်ဆန်းမွှေး)၊ Goody (ရွှေဘိုပေါ်ဆန်း)၊ မြ(မြောင်းမြပေါ်ဆန်း)၊ သဘာဝ(ဧရာပေါ်ဆန်း) နှင့် Meizan (ပေါ်ဆန်းမွှေး)စသည့်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိပါကြောင်းနှင့် မိမိတို့ဌာနမှလည်း လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)