
မအူပင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ (၁၁-၆-၂၀၂၅) ရက်နေ့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အသေးစားစက်မှုထုတ်ကုန်လုပ်ငန်းများ ဖန်တီးထုတ်လုပ်နိုင်ရေး ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းများထံမှ လူငယ်များအလုပ်အကိုင် ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်း အသေးစား၊ အငယ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်း ဝန်မ်းစွမ်းဆောင်ရည်သင်တန်းတွင် မအူပင်ခရိုင်စားသုံးသူ ရေးရာဦးဏီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့သည်။
ဟောပြောရာတွင် မအူပင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး သင်တန်းကို စတင်ပို့ချပေးခဲ့သည်။ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်လင်း ဒု-ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်းဖြစ်ပေါ်လာပုံနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်အကြောင်းကို လည်းကောင်း၊ မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်များ၊ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများ၏ တာဝန်ဝတ္တရားများ၊ စားသုံးသူများ၏နစ်နာမှုနှင့် တိုင်ကြားနိုင်သည့်အခွင့်အလှမ်းများ၊ တိုင်ကြားနိုင်သည့်နေရာများကိုလည်းကောင်း၊ စားသုံးသူ၏တာဝန်များလည်းရှိ၍ လိုက်နာရန်လိုအပ်ကြောင်း စသည်တို့ကို အကျယ်တဝင့် ဟောပြောခဲ့ပြီး သင်တန်းသို့ သင်တန်းသား/သူ (၁၈)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)