
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၁.၆.၂၀၂၅) ရက်နေ့တွင် ပုသိမ်မြို့၊ အတီးစုလမ်းရှိ အင်ကြင်းပွင့် ရေခဲချောင်းလုပ်ငန်းသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စုံစမ်းစစ်ဆေးခဲ့ပါသည်။
ထိုသို ဈေးကွက်စောင့်ကြည့်စုံစမ်းစစ်ဆေးခဲ့ရာ ယခုအချိန်သည် မိုးရာသီကာလဖြစ်၍ ရေခဲချောင်းများကို ယခင်ထက်လျော့နည်း၍ပြုလုပ်ကြောင်းသိရှိရပြီး ရေခဲချောင်းပြုလုပ်ရာတွင် ရေသန့်နှင့် ပြုလုပ်ခြင်းရှိ/ မရှိ၊ တားမြစ်ဆိုးဆေးများ အသုံးပြုမှုူရှိ/ မရှိ စစ်ဆေးခဲ့ပြီး၊ ရေခဲချောင်း(၁) ချောင်းလျှင် လက်ကားဈေးနှုန်း (၂၅၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)