Main menu

Sub-Admin Account အသုံးပြုနည်း သင်တန်းကို ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တက်ရောက်

Powered by Drupal

             မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online – MyRo) တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု၊ ဆန်စပါးလက်ကျန်စာရင်းနှင့် သိုလှောင်ရုံအရေအတွက်အား MyRo Website တွင် စိစစ်အသုံးပြုနိုင်ရန် Sub-Admin Account အသုံးပြုနည်း သင်တန်းကို ဇွန်လ ၉ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်) မှ virtual ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး စာသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး၊ ဒုတိုင်းဦးစီးမှူး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်၊၊

            အဆိုပါ သင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော် (ရုံးချုပ်) သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့် က တိုင်းဒေသကြီး/ပြည်နယ်အလိုက်  (Myanmar Rice Online – MyRo) တွင် မှတ်ပုံတင်ထားရှိမှုအခြေအနေ၊ သိုလှောင်ရုံများ သက်တမ်းတိုးခြင်း၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ လစဉ်ဖြည့်သွင်းခြင်းများ ရှိ/မရှိ ဝင်ရောက်ကြည့်ရှုနိုင်ရေးနှင့် ကြပ်မတ် ဆောင်ရွက်နိုင်ရေး အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ ဦးစီးအရာရှိ ဒေါ်လှပို မှ Sub-Admin Account ဝင်ရောက်အသုံးပြုပုံများကို သင်ကြားပေးခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ သိရှိလိုသည်များ မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA ဧရာဝတီ)