Main menu

Online Sale မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

            Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား ၂၁-၇-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ  (၁) ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားလာမှုများအား မြေပြင် ကွင်းဆင်းစစ်ဆေး၍ လျှောက်ထားသည့့််အချက်အလက်များနှင့်  မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှု ရှိမှသာလျှင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှစစ်ဆေးရေးအရာရှိဦးမျိုးထွန်းဦးဆောင်၍ (၁၀-၆-၂၀၂၅) ရက်နေ့တွင် မန္တလေးမြို့ ပေါ်ရှိ Online Sale မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ  ဖြစ်သည့်   Vintage Land ၊ Win Farm  Products ၊Tin Tin Ohn ၊One One 11၊ Moethulay Cosmetic  Online Shopping Mdy နှင့် Malzin ဆိုင်တို့မှ လျောက်ထားသည့် ကုန်စည်များဖြစ်သည့် အထည်အလိပ်၊အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်များနှင့် လူသုံးကုန်များ၊ အိမ်သုံးပစ္စည်းများနှင့်  အခြားသုံးပစ္စည်းများ စသည့် လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ (၁၁-၆-၂၀၂၅) ရက်နေ့ အထိ   Online Sale  မှတ်ပုံတင်လျှောက်ထားသည့် မြေပြင်စစ်ဆေးရမည့် လုပ်ငန်း (၂၀၀)ခုရှိရာ Online Sale မှတ်ပုံတင် လျှောက်ထားသည့် လုပ်ငန်းများဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်းများ ၊ ကလေး အသုံးအဆောင် ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင်အသုံး ဆောင်ပစ္စည်းများအလှကုန်များ၊လူသုံးကုန်များ၊လက်မှုပစ္စည်းများ၊အခြားသုံးပစ္စည်းများ ၊အီလက်ထရောနစ် ပစ္စည်းများ၊ အခြားသုံးပစ္စည်းများ၊ ပညာရေးနှင့် သင်ကြားရေး ဝန်ဆောင်မှု၊ စာပေနှင့်အနုပညာ ဝန်ဆောင်မှုလုပ်ငန်း၊စားသောက်ကုန် ပစ္စည်းများ၊FDAမှအတည်ပြုထားသည့် ဆေးဝါးဖြည့်စွက်စာများ၊ အခြားဝန်ဆောင်မှုများ၊စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အမျိုးမျိုးနှင့့်် ဆက်စပ်ပစ္စည်းများ၊ ကုသရေးသုံး ပစ္စည်းများ ရောင်းချသည့်လုပ်ငန်း (၁၉၇) ခုအား မြေပြင် စစ်ဆေးခဲ့ပြီး တင်ပြဆောင်ရွက်လျှက် ရှိကြောင်းနှင့် စစ်ဆေးရန်ကျန်ရှိနေသော Online Sale မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများအား ဆက်လက်၍ မြေပြင်စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)