Main menu

ရန်ကင်းမြို့နယ်အတွင်းရှိ ဘိလပ်မြေဈေးနှုန်းများ ဈေးနှုန်း အဆမတန်မြှင့်တက်မှုမရှိစေရေး ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

           ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်များကြောင့် တိုင်းဒေသကြီးပြည်နယ်အချို့တွင် နေအိမ်၊ တိုက်တာအဆောက်အဦးများပြိုကြခြင်း ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သော ဘိလပ်မြေ များ ဝယ်လိုအား မြှင့်တက်လျက်ရှိရာ ဘိလပ်မြေများတင်သွင်းသိုလှောင်ဖြန့်ဖြူးသည့် စက်ရုံ/ အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ထားခြင်းရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ၁၂.၆.၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်(၃)ဆိုင်သို့  သွားရောက်၍ ဘိလပ်မြေများကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများမရှိစေရေး၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများမရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာစေလိုကြောင်းတို့ကို ကွင်းဆင်းကြပ်မတ် စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)