Main menu

ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှိ အိမ်ဆောက်ပစ္စည်း ဈေးနှုန်းများ ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

          ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် နေအိမ်၊ တိုက်တာ အဆောက်အဦများ ပြိုကြခြင်း၊ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သော သွပ်၊ သံ၊ သံချောင်း၊ ဘိလပ်မြေ၊ အိမ်ရိုက်သံနှင့် သစ် အစရှိသည့် ပစ္စည်းများဝယ်လိုအား မြှင့်တက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းသိုလှောင်ဖြန့်ဖြူးသည့် စက်ရုံ/ အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

           ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍ ၁၁.၆.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ဈေးကစားရန်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ  မရှိစေရေးတို့ကို ကွင်းဆင်းအသိပညာပေး ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)