
(၁၁.၆.၂၀၂၅)ရက်နေ့ ၊နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ထွေ/အုပ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးရေးဦးရန်နိုင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ AEO ဦးဘိုဘိုအောင်နှင့် အဖွဲ့ဝင်များဖြင့် ဘိလပ်မြေ၊ သံ၊ အိမ်ဆောက်ပစ္စည်းများရောင်းချလျက်ရှိသော ဆိုင်များအား သတ်မှတ်ဈေးနှုန်း အတိုင်းရောင်းချမှုရှိ/ မရှိ၊ အမြတ်(၁၀)ရာခိုင်နှုန်းထက်ကျော်လွန်မရောင်းချရန်၊သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)