Main menu

ကျိုက်ထိုမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်‌ဆေး

Powered by Drupal

     ၉.၆.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့သည် ကျိုက်ထိုမြို့ နယ်၊ အောင်သပြေရပ်ကွက် (၄) လမ်းရှိ Hnin Thant Khant အွန်လိုင်းရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်နှင်းကြူကြူ၏ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်သုံးမှတ်ပုံတင်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း အမှန်တကယ်တည်ရှိခြင်း ရှိ/မရှိ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အမျိုးအစားအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ ကို စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်ဖောက်ဖျက်မှု ရှိ/မရှိ တို့ကို စစ်‌ဆေးခဲ့ကြောင်း သိရပါသည်။

DOCA (မွန်)