Main menu

“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းရောင်းချသောဆန်ဆိုင်များအားကွင်းဆင်းစိစစ်ခြင်း”

Powered by Drupal

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ရောင်းချနေသော ဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ရန် တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ  ဇွန်လ (၁၀)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

             ထိုသို့ ကွင်းဆင်းစိစစ် ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေး အတွင်းရောင်းချသော ဆန်ဆိုင်များဖြစ်သည့် သူရထွန်း (ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ် ရေး) ၊ အောင်မိသားစု (ဆန်ရောင်းဝယ်ရေး)၊ မဝင်းဝင်းရွှေ (ဆန်ရောင်းဝယ်ရေး)၊ ကိုနိုင်ထွန်း+ မရီမြင့်(ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး)ဆိုင်များတွင် ရောင်းချသော ငစိန်(ထွန်းပု)ဆန်၊ ဧည့်မထ (ရက်၉၀)ဆန်၊ မြီးဒုံ(ခွန်နီ)ဆန်၊ တောင်ပျံဆန်၊ ကြားပျံ ဆန်များ၏ ဈေးနှုန်းများကို မေးမြန်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

                အဆိုပါ ကွင်းဆင်းစိစစ်ခဲ့သော ဆန်ဆိုင်များမှ ရောင်းချသည့် ဆန်ဈေးနှုန်းများကို ယခင် တစ်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ရာတွင် ယခင်တစ်ပတ်ဈေးနှုန်းနှင့် ကွာခြားမှုမရှိကြောင်း စိစစ်တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆန်စပါးဈေးနှုန်းများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သင့်တင့်မျှတသော ဈေးနှုန်းများကို လစဉ်ထုတ်ပြန်လျက်ရှိရာ ရည်ညွှန်းဈေးအတွင်းသာ ရောင်းချကြရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ကြရန် ဆန်ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)