Main menu

ဒေးဒရဲမြို့နယ်တွင် Sprite အချိုရည်ဘူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၉) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ မြို့မဈေးအပြင်တန်းနှင့် ပြည်တော်သာလမ်းရှိ အချိုရည်မျိုးစုံ ရောင်းချနေသော အရောင်းဆိုင်များတွင် Sprite အချိုရည် ဘူးများ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

            အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အချိုရည်အရောင်းဆိုင်များတွင် ရောင်းချနေသော Sprite အချိုရည်ဘူးများ၌ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိပြီး FDA ထောက်ခံချက်အမှတ်များပါဝင်ကြောင်း တွေ့ရှိရပြီး အကြည်ရောင်ဘူးများဖြင့်သာ ရောင်းချလျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)