Main menu

ငါးမွေးမြူရေးကန်များအား ခရိုင်စိုက်တိုးမြင့်အဖွဲနှင့် အတူကွင်းဆင်းဆောင်ရွက်

Powered by Drupal

          ၁၀-၆-၂၀၂၅နေ့တွင် မအူပင်မြို့နယ်ရှိ မလက်တိုကျေးရွာအုပ်စုရှိ ငါးမွေးမြူရေးကန်များ အား ခရိုင်စိုက်တိုးမြင့်အဖွဲနှင့် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစိးမှူး ဦးဇော်မင်း လိုက်ပါပူးပေါင်း အတူကွင်းဆင်းခဲ့ပါသည်။

            မအူပင်ခရိုင်တွင် ငါးမွေးမြူရေးကန်းများရှိပြီး ငါးပုဇွန်မွေးမြူသူဦးရေမှာ ငါး ကန်ပိုင်ရှင်ဦးရေ (၂၄၁၅)ရှိပြီး  ငါးမွေးမြူရေလုပ်ငန်း ဖွဲ့ဖြိုးတိုးတက်စေရေးနှင့် ငါးထွက်ရှိ တင်ပို့မှု ပိုမိုထုတ်လုပ်တင်ပို့နိုင်ရေးကို ဌာနဆိုင်ရာများမှ ကွင်းဆင်း၍ နှစ်စဉ်တိုးတက်‌ မွေးမြူနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

          မအူပင်ခရိုင်အတွင်းရှိ ငါးလုပ်ငန်းစခန်း (၄)ခုသို့ သွားရောက်၍ စခန်းတာဝန်ခံများနှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြသည်။ မအူပင်မြို့နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းများကို  မေးမြန်းဆောင်ရွက်ခဲ့ကြပြီး  ပြည်တွင်းစားသုံးရန်ရောင်းချခြင်းနှင့် ပြည်ပတင်ပို့ရောင်းချလျက်ရှိကြောင်း၊ မအူပင်မြို့နယ်မှ ငါးခေါင်းပွငါးများကို မေလအတွင်း ရန်ကုန်သို့တင်ပို့နေပြီး တန်ချိန် ရှစ်သောင်းကျော် တင်ပို့ကြောင်း ငါးကန်လုပ်ငန်းရှင်ထံမှ သိရပြီး  ငါးကန်များမှ ငါးကန်ဖော်ချိန်တွင် ရန်ကုန်ဈေးကွက်သို့ ကုန်ချိန်ပျမ်းမျှပိဿာ နှစ်စဉ် ခုနှစ်သောင်းခွဲခန့် ပေးပို့ လျှက်ရှိကြောင်း မအူပင်ခရိုင်အနေဖြင့် ရေထွက်ပစ္စည်းများပေါများသဖြင့် ပြည်တွင်းစားသုံးသလို၊ ပြည်ပဝင်ငွေများစွာရရှိရေးအတွက်  လုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး စီးပွားဖြစ်ထွန်းရေးအတွက် ခရိုင်စိုက်တိုးမြှင့်အဖွဲက လုပ်ငန်းရှင်များဖြင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)