Main menu

ညောင်တုန်း Gasi Fier ဆန်စက် လည်ပတ်ပါတ် ကြိတ်ခွဲနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက် မြတ်မိခင်၊ ရွှေသောင်စု၊ ဧရာဝတီ၊ ရွှေမြင့်မိုရ်၊ ဒို့လယ်သမား စသော ဆတ်စက်များသို့ (၈-၆-၂၀၂၅)ရက်နေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ညောင်တုန်းမြို့နယ်အတွင်း Gasifier သုံးဆန်စက် (၈)စက်အား ဆန်စက်တာဝန်ခံများနှင့် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် တွေ့ဆုံ၍ စပါးခွံကုန်ကြမ်းများ ရရှိသုံးစွဲမှု၊ စပါးခွံလောင်စာသုံး Gasifier မှ လျှပ်စစ်ထုတ်လုပ်နိုင်မှု၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး Gasifier အသုံးပြုခြင်းကြောင့် ကုန်ထုတ်လုပ်မှုစရိတ်များလျှော့ချနိုင်မှုနှင့် ပြည်တွင်း၌သုံးစွဲနေသည့် စပါးခွံလောင်စာသုံး Gasifier များ၏ စစ်ဆေးတွေ့ရှိမှု အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စပါးခွံလောင်စာသုံး Gasifier များအသုံးပြုခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အားသာချက်/ အားနည်းချက်များ၊ စပါးခွံလောင်စာသုံး Gasifier စတင်သုံးစွဲနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်အောင် အဆင့်ဆင့်စီမံဆောင်ရွက်မှု လုပ်ငန်းများ၊ စပါးခွံလောင်စာသုံး Gasifier ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် စပါးကြိတ်ခွဲနေမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)