
မအူပင်ခရိုင်အတွင်း မြို့နယ်များတွင် ကုမ္ပဏီမျညူမှ စားအုန်းဆီခွဲတမ်း ရရှိမှုအပေါ် မေလအတွက် ဆီပေပါများကို မြို့နယ်များမှ သတ်မှတ်နေရာများတွင် စနစ်တကျထုတ်ယူပြီး စားသုံးသူပြည်သူများ လက်ဝယ်အရောက် ရောင်းချဖြန့်ဖြူးပေးလျက်ရှိပြီး သတ်ဆိုင်ရာများမှလည်း ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မအူပင်ခရိုင်အနေဖြင့် စားအုန်းဆီခွဲတမ်းများကို Central Myanmwr International Trading ကုမ္ပဏီ၊ Myanmar Top Notch ကုမ္ပဏီ၊ Resources Group Trading ကုမ်ပဏီ တို့မှ မြို့နယ်အလိုက် ဆီပေပါများ သတ်မှတ်ရက်အတွင်း ထုတ်ယူရန် သတ်မှတ်နေရာနှင့် အချိန်နှင့်တပြေးညီ ထုတ်ယူရရှိပြီ စားအုန်းဆီထုတ်ကိုယ်စားလှယ်များမှ ငွေပေးသွင်းပြီး ပြည်သူများထံ သက်ဆိုင်ရာများ၏ ကြီးကြပ်ဆောင်ရွက်မှုနှင့်အညီ ရောင်းချနေပြီး မအူပင်မြို့နယ်ရရှိပေပါ (၁၀၇၈)လုံး၊ ပန်းတနော်မြို့နယ်မှ (၇၆၄)ပေပါ၊ ညောင်တုန်းမြို့နယ်မှ ပေပါ (၇၆၅)၊ ဓနုဖြူမြို့နယ်မှ ပေပါ (၆၆၀)ရရှိကြောင်း စုစုပေါင်း (၃၂၆၇) ပေပါကို သတ်မှတ်ရက်အတွင်း ဆီကားများရောက်ရှိလာကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)