
ညောင်တုန်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများနှင့် အဖက်ဖက်ဆိုင်ရာ အသိပညာဗဟူသုတရှာဖွေနေသူ သင်တန်းသူ/ သင်တန်းသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ပိုမိုဖွံ့ဖြိုးတိုးပွားလာစေရန် ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောပွဲနှင့် စိုက်ပျိုးမွေးမြူရေးလြေလာနေသူများကို (၂-၆-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးဦးစီးဌာနမှ တာဝန်ရှိသူက -မွေးမြူရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကိစ္စရပ်အကြောင်း ကိုအသိပညာပေးဟောပြောခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးဆိုင်ရာ ရည်ရွယ်ချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ် ရေးဥပဒေတွင် ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ သင်တန်းသားများနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း ပြုလုပ်ခဲ့ပြီးနောက် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပဟုသုတများကိုလည်း လေ့လာမှတ်သား စေလိုကြောင်းနှင့် မိမိဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အသုံးချဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက် များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်အတွက်လည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်/ဝန်ဆောင်မှုများထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင် ရွက်ရမည့်အချက်များကို အလွယ်တကူ စုံစမ်းနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor၊ Mytel နှင့် Ooredoo User များအပြင် MPT Sim Card User များလည်း ခေါ်ဆိုနိုင်ပြီဖြစ်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါသင်တန်းသို့ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)