
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် မေလ (၂၈) ရက်နေ့၊ ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီးဦးတင်အေး၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဝင်းထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး၊ ဌာနခွဲမှူးနှင့် ဝန်ထမ်းများ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီးဦးတင်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းထွန်းက စားသုံးသူရေးရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု တိုင်းအတွင်းခရိုင်/မြို့နယ်များတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍အသိပညာပေး ဟောပြောခြင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ ပါသည်။
ဆက်လက်၍ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးဆောင်ရွက်မည့် ကုန်စည်အမျိုးအမည်နှင့်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြ၍ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များမှလည်း ပြန်လည်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးဦးတင်အေးမှ လိုအပ်သည်များဖြည့်စွက် ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြာင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)