Main menu

မြန်အောင်ခရိုင် စားသုံးသူရေးရာကော်မတီ ပထမကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စားသုံးသူရေးရာကော်မတီ၏ ပထမကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ် မေလ (၃၀)ရက်နေ့ နံနက် (၀၉:၀၀)အချိန်တွင် မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဦးစွာ မြန်အောင်ခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်မှ  အဖွင့်အမှာစကား‌ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူး စားသုံးသူရေးရာ ဦးစီးဌာန မြန်အောင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အထက်ဌာန လမ်းညွှန်ချက်များ၊ ဆုံးဖြတ်ရမည့် အမှာစာများနှင့် ယခုလအတွင်း ဆောင်ရွက်ခဲ့မှုများ၊ လာမည့်ဇွန်လတွင် ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါသည်။ စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဦးမျိုးလှိုင်မှလည်း တင်ပြဆောင်ရွက်ခဲ့သည့်  အမှာစာ(၆)ချက်အား အတည်ပြုဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့်   အဖွဲ့ဝင်များရဲ့ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း  ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး နံနက် (၁၀ : ၃၀) နာရီအချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အဖွဲ့ဝင်နှင့် ဖိတ်ကြားထားသူ(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)