
၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ စံပြဧက(၁၀၀)တောင်သူပညာပေးစခန်း ခန်းမဆောင်၌ မြို့နယ်စိုက်တိုးမြှင့်ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် မိုးစပါးအထွက်တိုးရေးနှင့် ကြဲခင်းစနစ် ပပျောက်ရေးအသိပညာပေး ဟောပြောပွဲအခမ်းနားသို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ဟောပြောပွဲကို ဦးစွာမြို့နယ်စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဌ ဦးဝင်းလှိုင်က ၂၀၂၅ ခုနှစ် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ဆာဖိုးသာစပါးကို စိုက်ပျိုးရာတွင် သက်တမ်းအားဖြင့် (၁၁၅)ရက်၊ အောင်နိုင်တိုးစပါးသက်တမ်းမှာ (၁၂၀)ရက်သာ ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း၊ ကြဲခင်းဧရိယာ စနစ်ပပျောက်ရေးနှင့် သစ်စိမ်း မြေဩဇာ ထည့်ဝင်စိုက်ပျိုး ရေး အသိပညာပေး ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးမှ တောင်သူများစိုက်ပျိုးနိုင်ရေးအတွက် ဖြည့်ဆည်းကူညီပေးသွားမည့်အပြင် ကြဲခင်း ဧရိယာများအား Seeder စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စံပြ ဧက(၁၀၀)တွင် နွေစပါးစိုက်ပျိုးထားရှိမှုအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဌ ဦးဝင်းလှိုင်၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့ နယ်ဆည်မြောင်းနှင့်ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများက ကြည့်ရှု့အားပေးခဲ့ကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
(DOCA) ဧရာဝတီ