Main menu

ဟန်နီစိုးဆေးဆိုင်အား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင်(လ/ထ ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မေလ(၂၇)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် သာကေတမြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်း ဆိုင်များအား   ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်မှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိ၊ တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည် ဖြစ် ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။