Main menu

ကြက်မောက်သီး ဈေးနှုန်းဈေးကွက်

Powered by Drupal

    မန္တလေးမြို့တွင်းသို့ ပဲခူးတိုင်း၊ တောင်ငူ၊ ရေတာရှည်၊ ဒိုက်ဦးနယ်များမှ ကြက်မောက်သီး များ ဝင်ရောက်မှုရှိသကဲ့သို့ မွန်ပြည်နယ်၊ မော်လမြိုင်ဘက်မှလည်း ဝင်ရောက်လျက်ရှိပါသည်။ ကြက်မောက်သီးများကို မန္တလေးမြို့ရှိ ပြည်သူများအနေနှင့် စားသုံးမှုများသည့်အတွက် ဈေးကွက် တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်မောက်သီး ဈေးနှုန်းဈေးကွက်အနေနှင့် သစ်သီးပွဲရုံ များတွင် ကြက်မောက်သီး အလုံး ၁၀၀ လျှင် ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်၊ လက်လီရောင်းချသူများ အနေနှင့် ကြက်မောက်သီး ၁ လုံးလျှင် ၃၀၀ ကျပ်မှ ၃၅၀ ကျပ်ထိ ရောင်းချလျက်ရှိပြီး မန္တလေးမြို့ တွင် ဝင်ရောက်သည့် ကြက်မောက်သီးများအနေနှင့် မန္တလေးမြို့အနီးပတ်ဝန်းကျင်ရှိ မြို့ငယ် များကိုပါ ကုန်စည်စီးဆင်းမှုရှိကြောင်းလည်း သိရှိရပါသည်။

DOCA(မန္တလေး)