Main menu

မန်းကုန်စည်ဒိုင် နှမ်းဈေးကွက်

Powered by Drupal

    မန္တလေးကုန်စည်ဒိုင်အတွင်း ဆီထွက်သီးနှံ နှမ်းများကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းမှ ဝင်ရောက်မှုရှိသကဲ့သို့ ပန်းနှမ်းနှင့် ဆီနေကြာများကို ရှမ်းတောင်၊ ရှမ်းမြောက်နှင့် ပြင်ဦးလွင်နယ်များမှ ဝင်ရောက်လျက်ရှိပါသည်။ ယခုရက်ပိုင်းအတွင်း မန်းကုန်စည် ဒိုင်အတွင်း ဆီထွက်သီးနှံ နှမ်းဈေးကွက်ဈေးနှုန်းအနေနှင့် နှမ်းဖြူ ဗမာ ၁ ပိဿာ ၈၁၁၁ ကျပ်၊ နှမ်းဖြူ ဂျပန် ၁ ပိဿာ ၉၁၁၁ ကျပ်၊ နှမ်းညို ၁ ပိဿာ ၇၄၄၄ ကျပ်၊ နှမ်းနက်စမုံ ၁ ပိဿာ ၁၇၇၇၈ ကျပ်၊ ပန်းနှမ်း ၁ ပိဿာ ၅၇၇၈ ကျပ်၊ ဆီနေကြာ ၁ ပိဿာ ၆၈၅၂ ကျပ်တို့နှင့် ရောင်းဝယ်မှုရှိပြီး မန်းကုန်စည်ဒိုင်အတွင်း ဝင်ရောက်သည့် နှမ်းများကို ဆီစက်သမားများနှင့် မုန့်လုပ်ငန်းများမှ  ဝယ်ယူမှုရှိပြီး ပိဿာဈေးနှင့် ဈေးဖြတ်ပြီး ၃ တင်း ၁ အိတ် ၅၄ ပိဿာနှင့် ရောင်းဝယ်မှုရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)