Main menu

တန်ဇန်နီးယားနိုင်ငံသည် တောင်အာဖရိကနိုင်ငံ မာလာဝီမှ စိုက်ပျိုး‌ရေးသွင်းကုန်များအပေါ် နှစ်ရက်ကြာတားမြစ်ချက်ကိုရုတ်သိမ်း

Powered by Drupal

     သံတမန်ရေးရာစေ့စပ်ညှိနှိုင်းမှုများနှင့် ရေရှည်ဖြေရှင်းရန် မျှော်လင့်ချက်များကို ကိုးကား၍ တန်ဇန်နီးယားနိုင်ငံသည် မာလာဝီနှင့် တောင်အာဖရိကနိုင်ငံတို့မှ လယ်ယာသွင်းကုန်များ တားမြစ်ပိတ်ပင်မှုကို ပြုလုပ်ပြီး နှစ်ရက်အကြာတွင်ပြန်လည်ရုတ်သိမ်းခဲ့သည်။ ထိုတားမြစ်ပိတ်ပင်မှုသည် ဧပြီလ ၂၃ ရက်နေ့ကစတင်အသက်ဝင်ခဲ့ပြီး ဧပြီ ၂၆ ရက်နေ့က တားမြစ်ချက်ကို ရုတ်သိမ်းခဲ့ခြင်းဖြစ်သည်။ တန်ဇန်နီးယားအာဏာပိုင်များက တန်ဇန်နီးယားလယ်ယာထွက်ကုန်များ ၎င်းတို့၏စျေးကွက်အတွင်းသို့ဝင်‌ရောက်မှုအပေါ် နှစ်နိုင်ငံစလုံးမှ တရားမျှတမှုမရှိသော ကန့်သတ်ချက်များဟု ရှုမြင့်ခဲ့ရာမှ ဆိုင်းငံ့မှုအစပျိုးခဲ့ခြင်းဖြစ်သည်။ တန်ဇန်နီးယားသည် နှစ်နိုင်ငံစလုံးမှ လယ်ယာထွက်ကုန်များ တင်သွင်မှုနှင့် သယ်ယူပို့ဆောင်‌ရေးတို့ကို ရပ်ဆိုင်းခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ဆွေးနွေးမှုများပြုလုပ်ရန်အတွက် မာလာဝီအစိုးရမှ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့အားလာမည့် သီတင်းပတ်တွင် Dodoma သို့စေလွှတ်မည်ဖြစ်ကြောင်း စိုက်ပျိုး‌ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source : Xinhua

DOCA(ရန်ကုန်)