
ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန (MPWT)နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့သည် နိုင်ငံတော်၏ အကြီးဆုံး ရေနက်ဆိပ်ကမ်း ဖြစ်သည့် Sihanoukville ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိပ်ကမ်း (PAS) ကို ဒေသဆိုင်ရာ ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဗဟိုအဖြစ် ဖော်ဆောင်ရန် ၂၅-၄-၂၀၂၅ ရက်နေ့တွင် ဆွေးနွေးခဲ့ကြ သည်။ အဆိုပါတွေ့ဆုံပွဲကို ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီး သွားလာရေးဝန်ကြီးဌာန (MLIT) မှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး ဗျူရို၏ ညွှန်ကြားရေးမှူးချုပ် Sanjo Akihito နှင့် MPWT ဝန်ကြီး Peng Ponea တို့က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အမှာစကားပြောကြားရာတွင် MPWT ဝန်ကြီးက PAS ကို ဒေသတွင်းဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဗဟိုအဖြစ် ပြောင်းလဲခြင်းအတွက် မဟာ စီမံကိန်းကိုပြင်ဆင်ရန် အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ PAS ၏ လုပ်ငန်းလည်ပတ်နိုင်မှုစွမ်းရည်နှင့် ဝန်ဆောင်မှုပေးဆောင်မှုများကို သိသိသာသာ တိုးမြှင့်ရန်ဖြစ်ပြီး ၎င်းကို ပိုမိုကြံ့ခိုင်ပြီး ထိရောက်စေရန်ဖြစ်ကြောင်း Ponea က ဆက်လက် ရှင်းပြခဲ့သည်။ အဆိုပါ ကြိုးပမ်းမှုများသည် ကမ္ဘောဒီးယားကို ၂၀၅၀ ခုနှစ်တွင် ဝင်ငွေ မြင့်မား သောနိုင်ငံအဖြစ် ပြောင်းလဲရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း Ponea က ဆက်လက်ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၂ ရက်က ထုတ်ပြန် သည့် MPWT ၏ နှစ်ပတ်လည် အစီရင်ခံစာအရ PAS သည် ၂၀၂၄ ခုနှစ်တွင် ကွန်တိန်နာတင် ကုန်တင်တန်ချိန် ၉.၆၀ သန်းခန့် ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် စုစုပေါင်း တန်ချိန် ၇.၈၉ သန်း ထက် ၂၁.၆၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းသည် အသားတင် အမြတ်ငွေ ၂၄.၁၂ ရာခိုင်နှုန်း တိုးလာပြီး ခန့်မှန်းခြေအားဖြင့် ကန်ဒေါ်လာ ၁၁၀.၃၈ သန်း အထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၈၈.၉၄ သန်းမှ သိသိသာသာ တိုးလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Source: Khmer Times
DOCA(ရန်ကုန်)