
၂၀၂၄ ခုနှစ်အတွင်း လာအိုနှင့်တရုတ်နို်ငငံကြား ကုန်သွယ်မှုတန်ဖိုး usd ၈.၂၃ ဘီလီယံရှိပြီး ကုန်သွယ်ရေးတိုးတက်မှုအဖြစ် ယခင်၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၅.၉၁ ရာခိုင်နှုန်းသိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။ တရုတ်-လာအို မီးရထားလမ်းအပါအဝင်၊ရင်းနှီးမြှုပ်နှံမှုနှင့် အခြားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့မှ သိသာထင်ရှားစွာ တိုးတက်လာခြင်းဖြစ်သည်။
ယခင်နှစ်ကပြုလုပ်ခဲ့သော ၂၀၂၄-၂၀၂၈ တရုတ်-လာအို မိတ်ဖက်ဆက်ဆံရေးမဟာဗျူဟာ အစီအစဉ်မှတဆင့် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှု တိုးတက်လာခြင်းဖြစ်သည်။ အဆိုပါ မဟာ ဗျူဟာအစီအစဉ်သည် နယ်စပ်ဒေသပူးပေါင်းဆက်ဆံရေး တိုးချဲ့ရန်ရည်ရွယ်ပြီး ကဏ္ဍစုံတွင် ပိုမို ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူပြုရန် ရည်ရွယ်သည်။
တရုတ်နိုင်ငံအနေဖြင့် လာအိုဈေးကွက်တွင် အဓိကရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေပြီး နိုင်ငံ၅၃ နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး usd ၁၈ ဘီလီယံထိ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်။
လာအိုနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့မှု ၄.၅၆ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၁.၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။သွင်းကုန်တန်ဖိုးအနေဖြင့် usd ၃.၆၈ ဘီလီယံဖြစ်ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၉.၈ ရာခိုင်နှုန်းရာခိုင်နှုန်းအထိတိုးတက်လာသည်။
တရုတ်နိုင်ငံသည် လာအိုနိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၂၄ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုစုစုပေါင်း usd ၈.၂၃ ဘီလီယံ အထိတိုးတက်မှုရှိခဲ့သည်။၂၀၂၄ ခုနှစ် တရုတ်-လာအို မီးရထားလမ်းစီမံကိန်းစတင်သည့်နှစ်မှစ၍ နှစ်နိုင်ငံကြား စီးပွားရေး သိသာထင်ရှားစွာ တိုးတက် လာ ခြင်းဖြစ်သည်။
ရထားလမ်းစတင်ဖွင့်လှစ်ခဲ့သည့်နေ့မှစ၍ ကုန်စည်စုစုပေါင်း ၅၄ မီလီယံတန်တင်ပို့ခဲ့ပြီး ဖြစ်ပြီး ၄၈.၆ မီလီယံခန့် ခရီးသည်တင်ပို့ခဲ့ပြီးဖြစ်သည်။ထို့အပြင် တရုတ်နိုင်ငံသည် လာအိုနိုင်ငံ၏ တတိယအကြီးဆုံး ကမ္ဘာလှည့်ခရီးသွားအများဆုံးနိုင်ငံလည်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် တရုတ်လူမျိုးစုစုပေါင်း ၁၀၄၈၀၃၄ ဦးခန့် လာရောက်ခဲ့သည်။
Sources-the Laotian times DOCA(မန္တလေး)