Main menu

ပို့ကုန်မြှင့်တင်ရန် အိန္ဒိယတောင်ပိုင်းတွင် ကုန်သွယ်ရေးရုံးဖွင့်လှစ်ခဲ့သည့် အင်ဒိုနီးရှား

Powered by Drupal

    အင်ဒိုနီးရှားထုတ်ကုန်များ အိန္ဒိယတောင်ပိုင်းသို့ တင်ပို့မှုတိုးမြှင့်ရန်ရည်ရွယ်၍ ကုန်သွယ်ရေးဝန်ကြီးဌာနသည် အိန္ဒိယတောင်ပိုင်းပြည်နယ်ဖြစ်သည့် Tamil Nadu ၏ Chennai မြို့တော်တွင် အင်ဒိုနီးရှားကုန်သွယ်မှုမြှင့်တင်ရေးစင်တာ (ITPC) ရုံးကိုဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီး Budi Santoso က အိန္ဒိယတောင်ပိုင်းတွင် စက်မှုနှင့်ကုန်သွယ်ရေး စင်တာ အနေဖြင့် Chennai မြို့‌တော်သည် နှစ်နိုင်ငံကြား ကုန်သွယ်မှုမြှင့်တင်ရေးတွင် အရေးပါသောကဏ္ဍ အဖြစ်တည်ရှိမည်ဟု ပြောကြားခဲ့ပါသည်။ ထိုရုံးသည် အင်ဒိုနီးရှား MSME လုပ်ငန်းများက အင်ဒိုနီးရှား-အိန္ဒိယစီးပွားရေးဆောင်ရွက်မှုများတွင် ပိုမိုပူးပေါင်းပါဝင်လာနိုင်ရန်ကူညီပေးနိုင်မည်ဟု မျှော်မှန်းရကြောင်း သိရပါသည်။ ဝန်ကြီးက ထိုရုံးသည် အင်ဒိုနီးရှားထုတ်ကုန်များအား အိန္ဒိယဈေးကွက်များ သို့ တင်ပို့မှုမြှင့်တင်ရန်၊ နှစ်နိုင်ငံကြားစီးပွားရေးလုပ်ငန်းများပူးပေါင်း ဆောင်ရွက်မှုကိုပံ့ပိုးပေးရန်နှင့် တိကျပြီး နောက်ဆုံးအဆင့်ဈေးကွက်သတင်းအချက်အလက် များကိုပံ့ပိုးပေးနိုင်ရန် မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ ထို‌အောင်မြင်မှုရရှိရန်အတွက် ထို Chennai ITPC ရုံးသည် နယူးဒေလီမြို့တော်ရှိ အင်ဒိုနီးရှားကုန်သွယ်ရေးသံမှူးနှင့် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် Chennai ITPC ရုံး၏အကြီးအကဲဖြစ်သူ Nugroho Priyo Pratomo က အိန္ဒိယသည် အမေရိကန်နှင့် တရုတ်နောက်တွင် အင်ဒိုနီးရှား၏ ရေနံ နှင့် ဓာတ်ငွေ့မဟုတ်သည့် ကုန်ပစ္စည်းများကို အကြီးမားဆုံးတင်သွင်းသူဖြစ်ကြောင်းနှင့် အင်ဒိုနီးရှား  MSME လုပ်ငန်းများအနေဖြင့် ဟင်းခတ်အမွှေးအကြိုင်၊ ပရိဘောဂ၊ အိမ်တွင်းအလှဆင်ခြင်း၊ ပြုပြင်ထုတ်လုပ်ထားသည့်အစားအစာနှင့် ကော်များအစရှိသည့် များစွာသော ရေနံနှင့်ဓာတ်ငွေ့ မဟုတ်သည့် ကုန်ပစ္စည်းများ အိန္ဒိယသို့တင်ပို့နိုင်ရန် မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနထံမှ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ တို့တွင် အင်ဒိုနီးရှား၏ ရေနံနှင့် ဓာတ်ငွေ့မဟုတ်သည့် ကုန်ပစ္စည်းများ အိန္ဒိယသို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၈၇ ဘီလီယံတန်ဖိုးရှိကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၃ လပတ် ကာလတွင် အိန္ဒိယသည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ဖြင့် အင်ဒိုနီးရှား၏ တတိယမြောက် အကြီးမားဆုံးကုန်သွယ်ရေးပိုငွေ ရရှိခဲ့သည့်နိုင်ငံဖြစ်ကြောင်း သိရပါသည်။

 

Reference; Antara News   

DOCA(ရန်ကုန်)