Main menu

တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်ဘိလပ်မြေရောင်းချသောလုပ်ငန်းရှင် များအားစားသုံးသူကာကွယ်ရေးရေးအသိပညာပေးဟောပြောဆောင်ရွက်

Powered by Drupal

         တိုင်းဦးစီးမှူးရုံးတွင် ဘိလပ်မြေရောင်းချသောလုပ်ငန်းရှင်များအား ဘိလပ်မြေဈေးနှုန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်ဟောပြောခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့်စားသုံးသူ၏အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ချက်များအားတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးဝင်းထွန်းမှ ဘိလပ်မြေရောင်းချသော လုပ်ငန်းရှင်များအားစားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း အသိပညာပေးဆောင်ရွက်လျက်ရှိရာ(၂၅.၄.၂၀၂၅) အသိပညာပေးဟောပြောခဲ့ကြောင်းသိရပါသည်။

             အဆိုပါဟောပြောပွဲတွင်စားသုံးသူကာကွယ်ရေး ဥပဒေကိုပြဌာန်းဆောင်ရွက်ခဲ့မှုအကြောင်း၊ စားသုံးသူကာကွယ်ရေး၏အဓ္ဓီပါယ်၊ စားသုံးသူပြည်သူများ ရပိုင်းခွင့်ရှိသော စားသုံးသူအခွင့်အရေး(၈)ချက်နှင့်စားသုံးသူ၏ တာဝန်များအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်များ ဈေးကွက်စောင့်ကြည့်၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် ဘိလပ်မြေဈေးနှုန်းများကို ဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရေး အထူးဟောပြောခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)