Main menu

တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်MOBဘဏ်ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးရေးအသိပညာပေးဟောပြောဆောင်ရွက်

Powered by Drupal

           တိုင်းဦးစီးမှူးရုံးတွင်MOBဘဏ်ဝန်ထမ်းများအား စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်စိုးရီနှင့်ဝန်ထမ်းများသည်MOBဘဏ်ဝန်ထမ်းများအားစားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ(၂၅.၄.၂၀၂၅)MOBဘဏ်ဝန်ထမ်းများအားအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင်စားသုံးသူကာကွယ်ရေးဥပဒေကိုပြဌာန်းဆောင်ရွက်ခဲ့မှုအကြောင်း၊ စားသုံးသူကာကွယ်ရေး၏အဓ္ဓီပါယ်၊ စားသုံးသူပြည်သူများရပိုင်းခွင့်ရှိသော စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များအကြောင်း၊ စားသုံးသူနစ်နာပါကတိုင်းကြားနိုင်ရန်(www.doca.gov.mm)တွင်ဖြစ်စေ၊ စားသုံးသူရေးရာဦးစီးဌာန( Face Book)တွင်ဖြစ်စေတိုင်ကြားနိုင်ခြင်း၊ Consumer Call Center(1535)တွင်ဖြစ်စေတိုင်ကြားနိုင်ကြောင်း အထူးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)