Main menu

တောင်ကိုရီးယားနိုင်ငံသို့ ဘတ်စ်ကားမျာတင်ပို့မည့် ဗီယက်နမ်၏ Kim Long Motor

Powered by Drupal

     ဗီယက်နမ်ပြည်တွင်းကားလုပ်ငန်းဖြစ်သည့် Kim Long Motor သည်တောင်ကိုရီးယား၏ Daon Mobility နှင့် ခရီးသွားနှင့် ‌ကျောင်းကားဝန်‌ဆောင်မှုသုံး ဗီယက်နမ်ထုတ် ဘတ်စ်ကား အစီးရေ ၂၀၀ တင်ပို့ရန် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ Hue မြို့ အခြေစိုက် Chan May Lang Co စီးပွားရေးဇုန်တွင် လက်မှတ်ရေးထိုးခဲ့သည့် ထိုသဘောတူညီ ချက်သည် ကိုရီးယားမိတ်ဖက်မှတစ်ဆင့် လုပ်ငန်းလည်ပတ်မှုနှင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင် မှု အတွက် King Long Motor အမှတ်တံဆိပ်မော်တော်ယာဉ်များရောင်းချရန်အတွက် ပထမဆုံး ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ လျှပ်စစ်ဘတ်စ်ကားအစီး ၅၀ ကို တောင်ကိုရီးယားသို့  ယခုနှစ်၏ ဒုတိယ ၃ လပတ်ကာလတွင် ဖြန့်ဖြူးနိုင်ရန်မျှော်မှန်းရကြောင်း သိရပါသည်။ တောင်ကိုရီးယားကုမ္ပဏီဖြစ်သည့် SK ကုမ္ပဏီကရောင်းချသည့် lithium polymer ဘက်ထရီဖြင့် လည်ပတ်သည့် ထိုင်ခုံ ၂၂ ခုံပါ လျှပ်စစ်ဘတ်စ်ကားများသည် တစ်ကြိမ်အားသွင်းပါက ၃၁၀ ကီလို မီတာထိမောင်းနှင်နိုင်ပြီး ဆိုလ်း၊ အင်ချွန်းနှင့် ဘူဆန်မြို့တို့တွင် အစိမ်းရောင်သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုအတွက် အသုံးပြုနိုင်မည်ဟု သိရပါသည်။ Kim Long Motor သည် Phuong Trang FUTA ဘတ်စ်ကားလိုင်းနှင့် Futa-Ha သယ်ယူပို့ဆောင်ရေးကုမ္ပဏီ အစရှိသည့် ပြည်တွင်းလုပ်ငန်းများအတွက် Minibus အစီး ၅၀၀ ရောင်းချရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးထားကြောင်း သိရပါသည်။ ယခင်ကလည်း Kim Long Motor နှင့် Changan Automobile Group သည် Hue မြို့တွင် တစ်နှစ်လျှင် ကားအစီးရေ ၅၀၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိ သည့် ခရီးသည်တင်ကားစက်ရုံပူးပေါင်းတည်ဆောက်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။

Ref..Vietnam Plus

DOCA(ရန်ကုန်)