Main menu

၂၀၂၄ ခုနှစ်တွင် ရောင်းအားနှင့် ဝင်ငွေရရှိမှုမြင့်တက်ခဲ့သည့် VinFast

Powered by Drupal

    ကမ္ဘာလုံးဆိုင်ရာမသေချာမရေရာမှုများရှိနေသော်လည်း ၂၀၂၄ ခုနှစ်၏ စတုတ္ထ ၃ လပတ် နှင့် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်တွင် ဗီယက်နမ်လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်သူ VinFast သည် ရောင်းအားနှင့် ဝင်ငွေရရှိမှုမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်၏ စတုတ္ထ ၃ လပတ် ကာလတွင် VinFast သည် လျှပ်စစ်မော်တော်ယာဉ် အစီးရေ ၅၃၀၀၀ ကျော်ရောင်းချခဲ့ရပြီး တတိယ ၃ လပတ်ကာလထက် ၁၄၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ၂၀၂၃ ခုနှစ် တတိယ ၃ လပတ် ကာလထက် အဆ ၂၀ ကျော်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ တစ်နှစ်လုံးတွင် အစီးရေ ၉၇၄၀၀ စီးရောင်းချခဲ့ရပြီး ၂၀၂၃ ခုနှစ်ကထက် ၁၉၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် လျှပ်စစ်မော်တော်ဆိုင်ကယ်သည်လည်း အစီးရေ ၇၁၀၀၀ စီးနီးပါးရောင်းချခဲ့ရ ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ၂၀၂၄ ခုနှစ် စတုတ္ထ ၃ လပတ်ကာလတွင် ဝင်ငွေ ဗီယက်နမ် ဒေါင် ၁၆.၅ ထရီလီယံ( အမေရိကန်ဒေါ်လာ ၆၇၈ သန်း) ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၇၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ တစ်နှစ်တာအတွက်မူ ဝင်ငွေ ဗီယက်နမ်ဒေါင် ၄၄ ထရီလီယံ ရရှိခဲ့ပြီး ၅၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ သို့သော် VinFast သည် အသားတင် အမေရိကန်ဒေါ်လာ ၃.၂ ထရီလီယံရှိနေသေးကြောင်း သိရပါသည်။ ကုမ္ပဏီသည် မိခင်ကုမ္ပဏီ Vingroup နှင့် တည်ထောင်သူ Pham Nhat Vuong ထံမှ အားကောင်းသောဘဏ္ဍာရေးပံ့ပိုးမှုကိုဆက်လက်ရရှိနေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ပထမ ၃ လပတ် ကုန်ပိုင်းတွင် ဥက္ကဌ Vuong သည် ၎င်း၏ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံပံ့ပိုးပေးမည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်ဒေါ်လာ ၄၁၁ သန်း ပံ့ပိုးပေးခဲ့ပြီး ထပ်တိုး အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ထပ်မံပံ့ပိုးရန် ကတိပြုခဲ့ကြောင်း သိရပါသည်။

Ref.. Vietnam Plus 

DOCA(ရန်ကုန်)