OPEC သည် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး (OFID) အတွက် ဧပြီလ ၂၂ရက်နေ့တွင် ငွေချေးမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအား အသုံးစရိတ်ထောက်ပံ့ရေးအနေဖြင့် ၁၀၀ မီလီယမ်တန်ကြေးရှိသော ယူရို ၉၆.၁၀ မီလီယမ်ခန့် ထောက်ပံ့ခဲ့ကြောင်း သိရပါသည်။ အဆိုပါချေးငွေကို စီးပွားရေးစီမံခန့်ခွဲမှု နှင့် အုပ်ချုပ်မှု တည်တံ့ရေး စီမံကိန်းအောက်တွင် ထောက်ပံ့သွားမည် ဖြစ်ကြောင်း သတင်းစာထုတ်ပြန်ချက်အရ သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ စီးပွားရေးဆက်ဆံရေးဌာနခွဲမှ အတွင်းရေးမှုး Md Shahriar Kader နှင့် OFID ဥက္ကဌ Abdulhamid Alkhalifa တို့သည် အမေရိကန်နိုင်ငံ Washington DC တွင် ၎င်းတို့၏ သက်ဆိုင်ရာကိုယ်စား သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ အဆိုပါချေးငွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မက်ခရို စီးပွားရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ အခန်းကဏ္ဍများ ပြုပြင်ပြောင်းလဲမှုများတွင် ကူညီထောက်ပံ့ ရန်အတွက်ဖြစ်ကြောင်း ERD ၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ထို့အပြင် အဆိုပါချေးငွေသည် ထုတ်ယူပြီးဖြစ်သော နှင့် ပေးချေမှုမပြုရသေးသော ငွေပမာဏ အပေါ် ၆လတစ်ကြိမ် သတ်မှတ်သော EURIBOR plus အတိုးနှုန်းဖြင့် တစ်နှစ်လျှင် အတိုး ၁.၂၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး မထုတ်ယူရသေးသော ငွေပမာဏအပေါ် ကတိကဝတ်ကြေး တစ်နှစ်လျှင် ၀.၂၅ ရာခိုင်နှုန်းပေးဆောင်ရမည် ဖြစ်ကြောင်းသိရပါသည်။ ငွေချေးမှုကာလမှာ သုံးနှစ်အလျော့ကာလအပါအဝင် ၁၈ နှစ်ကြာမြင့်ဖြစ်ကြောင်း သိရပါသည်။ OFID သည် ဘဏ္ဍာနှစ် ၁၉၇၇ ခုနှစ် နှင့် ၁၉၇၈ ခုနှစ် မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အဓိကအရေးပါသော ဖွံ့ဖြိးတိုးတက်ရေး မိတ်ဖက်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး နှင့် စွမ်းအင် ကဏ္ဍများတွင် အဓိကထောက်ပံ့ပေးနေကြောင်း သိရပါသည်။ ယနေ့အထိ OFID သည် အစိုးရဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း ၃၂ ခုအတွက် ဒေါ်လာ ၆၉၃.၆၁ မီလီယံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပုဂ္ဂလိက ကဏ္ဍအတွက် ဒေါ်လာ ၃၁၀.၂၁ မီလီယံ ခန့်ထောက်ပံ့ ခဲ့ပြီးဖြစ်ကြောင်း ERD အဆို အရ သိရပါသည်။
The Daily Star
DOCA(ရန်ကုန်)