Main menu

၂၀၂၅ ခုနှစ် ဧပြီလ ၂၀ ရက်အတွင်းတောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်များ ၅.၂ ရာခိုင်နှုန်းကျဆင်း

Powered by Drupal

ပြည်တွင်း၌ထုတ်လုပ်သော ကားများနှင့် ဆီထွက်ပစ္စည်းဝယ်လိုအားနည်းပါးခြင်းကြောင့် ‌တောင်ကိုရီယား၏ ပို့ကုန်သည် ဧပြီလ၏ ၂၀ ရက်နေ့အတွင်း တစ်နှစ်ထက်တစ်နှစ် ၅.၂ ရာခိုင် နှုန်းကျဆင်းခဲ့ကြောင်း ဧပြီလ၂၁ ရက်နေ့က အကောက်ခွန်ရုံမှ ဖော်ပြသောအချက် အလက် များအရသိရသည်။ Korea Custom Service ၏ အဆိုအရ အဆိုပါ ကာလအတွင်း ပြည်ပသို့ တင်ပို့မှုမှ ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃၃.၈၇ ဘီလီယံ ဖြစ်ကြောင်းသိရသည်။ ထိုကာလ အတွင်း ဆီမီကွန်ဒတ်တာ တင်ပို့မှုမှာ ၁၀.၇ ရာခိုင်နှုန်းသို့ ၆.၄၇ ဘီလီယံဒေါ်လာမြင့်တက်ခဲ့သော် လည်း မော်တော်ယာဥ်တင်ပို့မှုမှာ ၆.၅ ရာခိုင်နှုန်းမှ ၃.၆၇ ဘီလီယံသို့ကျဆင်းသွားသည်။ ရေနံထွက်ကုန်များတင်ပို့မှုမှာ ၂၂.၀ ရာခိုင်နှုန်းမှ ၂.၂၁ ဘီလီယံဒေါ်လာအထိကျဆင်းသွားပြီး သံမဏိထုတ်ကုန်များ၊ အော်တိုအစိတ်အပိုင်းများ၊ ကိရိယာများ၊ သင်္ဘောနှင့် တိကျသော စက်ပစ္စည်းများမှာ ကိန်းဂဏန်းတစ်လုံးအထိကျဆင်းသွားခဲ့သည်။ ရက်ပေါင်း ၂၀ ကာလအတွင်း သွင်းကုန် ၁၁.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကုန်သွယ်မှုလိုငွေဒေါ်လာ ၁၃၇ သန်း အထိရှိခဲ့သည်။ ‌ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့၊ ရေနံထွက်ပစ္စည်းများ၊ ကားများ၊ ကျောက်မီးသွေးနှင့် မိုဘိုင်း စက်ပစ္စည်းများ တင်သွင်းမှုမှာ ကိန်းဂဏန်းနှစ်လုံးပမာဏကျဆင်းသွားသော်လည်း တစ်ပိုင်း လျှပ်ကူးပစ္စည်းများနှင့် တိကျသောစက်ပစ္စည်းများအတွက် ကိန်းဂဏန်းတစ်လုံး ပမာဏ မြင့်တက်လာခဲ့သည်။

Source : Xinhua

DOCA(ရန်ကုန်)