Main menu

ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကိုကျော်လွှားရန် ဗီယက်နမ်ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ချိတ်ဆက်မှုအားကောင်းရန်လိုအပ်

Powered by Drupal

    ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမတည်ငြိမ်မှုများမြင့်တက်လာသောကြောင့် ကုမ္ပဏီများ ဆက်လက်ကြီးထွားရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းဆက်လက်တည်ရှိရန် စီးပွားရေးချိတ်ဆက်မှုများမှာ အလွန်အရေးပါကြောင်း ဟနွိုင်းမြို့တွင်ကျင်းပခဲ့သည့် ၂၀၂၅ စီးပွားရေးဖိုရမ်တွင် ကျွမ်းကျင်သူ များကပြောကြားခဲ့ပါသည်။ ဗီယက်နမ်ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ကျင်းပပြုလုပ်ခဲ့သည့်ထိုဖိုရမ်တွင် ပါတီဗဟိုကော်မတီ၏ မူဝါဒနှင့် မဟာဗျူဟာကော်မရှင်မှ မူဝါဒနှင့် မဟာဗျူဟာလေ့လာရေးအသင်း၏ ညွှန်ကြားရေးမှူး Tran Thi Hong Minh က လျှင်မြန်ပြီး ရှုပ်ထွေးသောအပြောင်းအလဲများဖြစ်ပေါ်နေသည့် ကမ္ဘာပေါ်တွင် ချိတ်ဆက်မှုများ က စီးပွားရေး လုပ်ငန်းများအားဈေးကွက်ကွဲပြားစေရန်နှင့် အရင်းအမြစ်များပိုမိုအသုံးချနိုင်ရေး ကူညီပေးမည်ဖြစ်ကြောင်းနှင့် ၎င်းသည် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်နှင့် စွန့်စားရမှုများလျှော့ပါး သက်သာစေရန် အလွန်အရေးပါကြောင်း ပြောကြားခဲ့ပါသည်။ အချို့ကြီးမားသောဗီယက်နမ် လုပ်ငန်းများသည် ဒေသတွင်းနှင့် ကမ္ဘာ့တန်ဖိုးကွင်းဆက်သို့ အောင်မြင်စွာဝင်ရောက် နိုင်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံသည် လုပ်ငန်းကြီးများက ဦးဆောင်နိုင်မှုနှင့် ပြည်တွင်းလုပ်ငန်း ငယ်များအား ချိတ်ဆက်မှု ကင်းမဲ့လျှက်ရှိကြောင်း သိရပါသည်။ Minh ၏အဆိုအရ ၎င်းအချက် သည် SME လုပ်ငန်းများက စွမ်းရည်အကန့်အသတ်ရှိနေခြင်းနှင့် အဖွဲ့အစည်းနှင့် မူဝါဒမူဘောင် ကွာဟနေသောကြောင့် ဖြစ်ကြောင်း သိရပါသည်။ Minh က လတ်တလောမူဝါဒများသည် SME လုပ်ငန်းများအား ၎င်းတို့ ၏လုပ်ငန်းစဉ်များတိုးတက်စေရန်အတွက် လုံလောက်စွာပံ့ပိုး မပေးနိုင်ကြောင်းနှင့် ထို့ကြောင့် ပြည်တွင်းနှင့်နိုင်ငံတကာထောက်ပံ့မှုကွင်းဆက်တွင်ပါဝင်ရန် အတွက် ၎င်းတို့၏စွမ်းရည်ကို အကန့်အသတ်ရှိစေကြောင်း ပြောကြားခဲ့ပါသည်။ Minh က လုပ်ငန်းများအား စီးပွားရေးချိတ်ဆက်မှုတွင် တက်ကြွစွာပါဝင်နိုင်ရန်အတွက် အခွန်မက်လုံးများ နှင့် မြေနေရာအသုံးချမှု ပံ့ပိုးပေးခြင်းအစရှိသည့် ပံ့ပိုးမှုပေးသည့်မူဝါဒများတည်ထောင်ရန် မှတ်ချက်ပေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင်ဗီယက်နမ်သည် လွတ်လွပ်သောကုန်သွယ်ရေး ဇုန်များ တည်ထောင်ခြင်းနှင့် အတူ ပြည်တွင်းလုပ်ငန်းများအားပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးနိုင်သည့် ပြည်ပရင်းနှီး မြှုပ်နှံမူဝါဒများလိုအပ်ကြောင်း သိရပါသည်။ Minh က ကြီးမား‌သောပုဂ္ဂလိကလုပ်ငန်းများအား ခေါင်းဆောင်နှင့် ညှိနှိုင်းပေးသူအဖြစ် ကုမ္ပဏီငယ်များကို ထိန်းကျောင်းပေးကာ ကမ္ဘာ့ဈေးကွက် များသို့ ဝင်ရောက်ရန် ကူညီပေးသူအဖြစ် ပျိုးထောင်ပေးခြင်း၏ အရေးပါမှုကို အသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။

Ref..Vietnam Plus

DOCA (ရန်ကုန်)