Main menu

အမေရိကန်အကောက်ခွန်များကြောင့် ကမ္ဘာ့ဟာလာဈေးကွက်ကို ဗီယက်နမ်ပစ်မှတ်ထားလာ

Powered by Drupal

    အမေရိကန်ထံမှ ပြင်းထန်သည့် အကောက်ခွန်များကြောင့် များစွာသော ဗီယက်နမ်လုပ်ငန်းများသည် တင်ပို့မှုကြီးထွားရန်နှင့် ဝင်ငွေရရှိမှု ဆက်လက်အားကောင်းရန်အတွက် ကမ္ဘာ့ဟာလာ ဈေးကွက်ကို ပစ်မှတ်ထားနေကြောင်း သိရပါသည်။ ကုန်သွယ်ရေးကျွမ်းကျင်သူများက ဟာလာ စီးပွားရေးသည် ကြီးမားသည့်စားသုံးသူအင်အားကြောင့် ကျယ်ပြန့်သည့်အလားအလာရှိနေပြီး ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ထရီလီယံထိ တန်ကြေးရှိလာရန် ခန့်မှန်းရကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဟာလာအစားအစာဈေးကွက်အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်တွင် ဟာလာအစား အစာကဏ္ဍသည် အမေရိကန်ဒေါ်လာ ၂.၅၄၈ ထရီလီယံရှိပြီး နှစ်စဉ်ကြီးထွားနှုန်း ၉.၉ ရာခိုင်နှုန်းဖြင့် ၂၀၃၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၉၃၄ ထရီလီယံထိရောက်ရှိနိုင်ကြောင်း သိရပါသည်။ ဟာလာထုတ်ကုန် အသိအမှတ်ပြုလက်မှတ်လိုအပ်ချက်သည် မူစလင် အဓိကနိုင်ငံများသာမက ခန့်မှန်းမူစလင်လူဦးရေ ၂၁ သန်းမှ ၂၃ သန်းကြားနေထိုင်သော တရုတ်နိုင်ငံအတွက်ပါ လိုအပ်ကြောင်း သိရပါသည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ကဏ္ဍ အားကောင်းသောဗီယက်နမ်သည် ဟာလာအစားအစာ ထောက်ပံ့မှုကွင်းဆက်သို့ ပိုမိုဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။ သို့သော် စိန်ခေါ်မှုများဆက်လက်ရှိနေပြီး ဗီယက်နမ်လုပ်ငန်းများသည် တင်းကျပ်သည့် ဟာလာအသိအမှတ်ပြုစံနှုန်းများ ပြည့်မီရန် လိုအပ်သကဲ့သို့ ဘရာဇီး၊ စင်ကာပူနှင့် အင်ဒိုနီးရှားကဲ့သို့သော အတွေ့အကြုံ ကြွယ်ဝသည့်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန်လိုအပ်ကြောင်း သိရပါသည်။ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည်လည်း စီးပွားရေးလုပ်ငန်းများအား ထုတ်ကုန်အရည်အသွေးအား ဟာလာစံနှုန်းပြည့်မီစေရန်နှင့် နိုင်ငံတကာ ဈေးကွက်များတွင် ပို့ကုန်တန်ဖိုးမြင့်တက်စေရန် ကူညီသွားမည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။

Ref..Vietnam Plus

DOCA (ရန်ကုန်)