
စင်ကာပူနိုင်ငံသည် ပြီးခဲ့သည့်နှစ်အလားတူကာလကနှင့် တူညီစွာ ၂၀၂၅ ခုနှစ် သုံးလတာ ကာလအတွင်း ခရီးသွားဧည့်သည်အများဆုံးရရှိသော ထိပ်တန်းရင်းမြစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့၏ ဧပြီ ၂၁ ရက်နေ့ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။ သုံးလတာကာလအတွင်း ခရီးသွားဧည့်သည်စျေးကွက်၏ ထိပ်တန်းသုံးနိုင်ငံမှာ တရုတ်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ဖြစ်သည်။ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်လာရောက်မှုသည် ၈၃၁,၄၇၀ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်အပြင် ဇန်နဝါရီလ တရုတ် နှစ်သစ်ကူးအားလပ်ရက်များနှင့် အစိုးရကျောင်းများအတွက် ဆောင်းရာသီအားလပ်ရက်များကြောင့် ယခုကဲ့သို့တိုးမြင့်လာခြင်းဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက ယူဆကြသည်။ မတ်လတစ်လတည်းတွင်ပင် စင်ကာပူနိုင်ငံသည် လာရောက်လည်ပတ်သူ ၁.၃ သန်းဝန်ကျင်ရှိပြီး ၂၀၂၄ ခုနှစ် မတ်လကထက် ၁၁.၅ ရာခိုင်နှုန်းလျော့နည်းသွားခဲ့သည်။
Source : Xinhua
DOCA (ရန်ကုန်)