Main menu

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

 ၂၂.၄.၂၀၂၅ ရက်နေ့ နံနက် (၉:၁၅)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၄)ဉီးတို့သည် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၁၉)၊ ကြေးတိုင်စု(၂)လမ်း၊ ပိန္နဲကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိတွင် ရောင်းချလျက်ရှိသည့် ပြည့်သနပ်ခါးလုပ်ငန်းသို့ မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း၊ ဉီးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့်အခြား လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ၊ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ များနှင့်ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)