Main menu

မွန်ဂိုလီယားနိုင်ငံ၏ Cashmere တင်ပို့မှုမှာ ၂၀၂၅ ခုနှစ်သုံးလတာအတွင်း ၅၅ ရာခိုင်နှုန်းကျဆင်းခဲ့

Powered by Drupal

    မွန်ဂိုလီးယားနိုင်ငံသည် ယခုနှစ် ပထမသုံးလပတ်အတွင်း အမေရိကန်ဒေါ်လာ ၈.၅ သန်းတန် ဖိုးရှိ Cashmere (cashmere ဆိုသည်မှာ ဆိတ်တစ်မျိုး၏ အလွန်နူးညံ့သောအမွှေးတစ်မျိုးဖြစ်သည်) ၇၂.၃ တန် တင်ပို့ခဲ့ကြောင်း မွန်ဂိုလီးယားအကောက်ခွန်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဧပြီလ ၁၉ ရက် နေ့ကထုတ်ပြန်သောတရားဝင်အချက်အလက်များအရသိရသည်။ ထိုတင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၅၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း အချက်အလက် များအရသိရသည်။ သမ္မတ Ukhnaa Khurelsukh မှ အစပြု၍ မွန်ဂိုလီးယားအစိုးရမှ အကောင် အထည်ဖော်သည့် “White Gold” ဟုခေါ်သော နိုင်ငံတော်ကမ်ပိန်းလှုပ်ရှားမှုအောက်တွင် စုစုပေါင်း တုရစ်ခ် ၁၉၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၇.၅ သန်း) အား နိုင်ငံအတွင်း Cashmere ရိတ်သိမ်း သည့်စက်ရုံများ၏ စွမ်းဆောင်ရည်ကို မြင့်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ၂၀၂၈ ခုနှစ်တွင် ပြည်တွင်းစျေးကွက်၌ Cashmere အဓိကထုတ်လုပ်မှုအား ၁၀၀ ရာခိုင်နှုန်းမြင့်တင်နိုင်ရန် မျှော်လင့်ထားကြသည်။ မွန်ဂိုလီးယားနိုင်ငံ စားနပ်ရိက္ခာစိုက်ပျိုးရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံ၏ Cashmere တင်ပို့မှုမှ ဝင်‌ငွေသည် အမေရိကန်‌‌ဒေါ်လာ သန်း ၇၀၀ ရှိမည်ဟု ခန့်မှန်းထားကြသည်။ လက်ရှိမွန်ဂိုလီးယားနိုင်ငံတွင် Cashmere တန်ချိန် ၁၁၉,၀၀၀ အားလုပ်ဆောင်နိုင်သော လုပ်ငန်း ၅၀ ခန့်ရှိကြောင်းသိရသည်။

DOCA (ရန်ကုန်)

Source : Xinhua