ယနေ့မနက်အစောပိုင်းတွင် ဒါကာစတော့လဲလှယ်ရေး (DSE)၌ စတော့စျေးကွက်များသည် အနည်းငယ်မြင့်တက်လျက်ရှိပြီး ၆ရက်ကြာ စတော့စျေးကွက်ကျဆင်းမှုကို ရပ်တန့်နိုင်ခဲ့ကြောင်း သိရပါသည်။ ဧပြီလ ၂၂ရက်နေ့ ၁၀နာရီ၅၆မိနစ်တွင် ထိပ်တန်းငွေလဲလှယ်ရေး ဌာန ၏ အခြေခံရည်ညွှန်းချက် (DSEX) သည် ၄.၁၇ ပွိုင့် သို့မဟုတ် ၀.၀၈ ရာခိုင်နှုန်းမြင့်တက်လာကာ ၅၀၄၉.၀၂ သို့ ရောက်ရှိခဲ့ကြောင်းသိရပါသည်။ Shariah အခြေပြု DSES ရည်ညွှန်းကိန်းသည် ၀.၀၉ ရာခိုင်နှုန်းတိုးမြင့်လာကာ ၁၁၂၇.၆၁ သို့ရောက်ရှိခဲ့ပြီး အရေးကြီး ကုမ္ပဏီများအား ကိုယ်စားပြုသော DS30 ရည်ညွှန်းကိန်းသည် ၀.၁၆ ရာခိုင်နှုန်းတိုးမြင့်လာကာ ၁၈၆၆.၄၅ သို့ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ စျေးကွက်လှုပ်ရှားမှုတွင် အရေးကြီးဆုံးညွှန်းကိန်းဖြစ်သည့် ငွေလဲမှုအသွားအလာသည် အဆိုပါ ကာလအတွင်း ၇၉.၄၁ ကုဋေ ထိရောက်ရှိ ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် စုစုပေါင်း ရှယ်ယာ ၃၉၅ ခုမှ ၁၆၇ ခု မြင့်တက်ခဲ့ပြီး ၁၂၄ခု ကျဆင်းကာ ကျန် ၈၂ ခုမှာ ယခင်အတိုင်းတည်ရှိနေကြောင်း သိရပါသည်။ Alif Industries မှ ရှယ်ယာများသည် ၈ရာခိုင်နှုန်းအထိ အမြင့်ဆုံးအနေဖြင့် မြင့်တက်ခဲ့ပြီး Beach Hatchery မှ ရှယ်ယာများသည် အမြင့်ဆုံးကျဆင်းမှုအဖြစ် ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။
Source:The Daily Star
DOCA(ရန်ကုန်)