Main menu

တရုတ်နိုင်ငံမှ တင်သွင်းသောတင်သွင်းမှုများကို တားဆီးရန် သံမဏိအချို့ အပေါ် ယာယီအခွန်စည်းကြပ်မှုများ ပြုလုပ်နေသည့် အိန္ဒိယနိုင်ငံ

Powered by Drupal

ကမ္ဘာ့ဒုတိယအကြီးဆုံး သံမဏိကြမ်းထုတ်လုပ်သော အိန္ဒိယနိုင်ငံသည် ဧပြီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံမှ အဓိကတင်သွင်းသော စျေးပေါသည့် ကုန်ပစ္စည်းတင်သွင်းမှု မြှင့်တက်မှုများကို တားဆီးရန် အတွက် သံမဏိတင်သွင်းမှု အချို့အပေါ် ၁၂ ရာခိုင်နှုန်း အခွန်စည်းကြပ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ မကြာသေးမီနှစ်များတွင် တရုတ် နိုင်ငံမှ သံမဏိများစီဆင်းမှုများပြားလာမှုကြောင့် အိန္ဒိယနိုင်ငံမှ စက်ရုံများသည် ထုတ်လုပ်မှု လျော့ချရန် နှင့် အလုပ်အကိုင်လျော့ချရန်အတွက် တွန်းအားပေး ခံခဲ့ရကြောင်း နှင့် အိန္ဒိယနိုင်ငံ သည် ပြည်တွင်းစက်ရုံများ ကာကွယ်ရန်အတွက် တင်သွင်းကုန်များကို တားဆီးရန် အတွက် အလေးအနက်ထား‌ဆောင်ရွက်တတ်သည့် နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်ကြောင်း သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်းတာဝန်သည် ဧပြီလ ၂၁ရက်နေ့မှ စ၍ ရက်၂၀၀ တိုင် အကျုံးဝင်မည်ဖြစ်ကြောင်း တရားဝင်အမိန့်စာ ထဲတွင် ထုတ်ပြန်ကြေညာထားပါသည်။ ၎င်းလုပ်ဆောင်မှုသည် အမေရိကန်နိုင်ငံ သမ္မတ Donald Trump ၏နိုင်ငံအများအပေါ် အခွန်စည်းကြပ်မှုပြုလုပ်ချိန်မှ စတင်၍ နယူး‌ဒေလီ၏ ပထမဆုံး ကြီးမားသော ကုန်သွယ်ရေး ပေါ်လစီပြောင်းလဲမှုဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသို့ တင်သွင်းသော စျေးပေါသည့် သံမဏိတင်သွင်းမှု အပေါ် အငြင်းပွားမှုများသည် ယခင်ကတည်းက ဖြစ်ပွားခဲ့ပြီး နောက်ဆုံး စုံစမ်းမှုကိုလည်း ဒီဇင်ဘာလတွင် စတင်ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ သံမဏိဝန်ကြီး H. D. Kumaraswamy က အဆိုပါ စီမံချက်သည် ပြည်တွင်း သံမဏိ ထုတ်လုပ်သူ များအား တင်သွင်းမှုမြင့်တက်ခြင်း၏ ဆိုးကျိုးများမှ ကာကွယ်ရန် နှင့် စျေးကွက်ထဲတွင် တရားမျှတသော ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်စေရန် အတွက် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ် များတွင် နယူးဒေလီ၏ အခွန်စည်းကြပ်မှုများသည် တောင်ကိုရီးယားပြီးနောက် အိန္ဒိယနိုင်ငံသို့ ဒုတိယအကြီးဆုံး သံမဏိတင်ပို့သည့် တရုတ်နိုင်ငံ အား အဓိကဦးတည်နေကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ သံမဏိစက်ရုံမှ အကြီးတန်းအမှုဆောင် တစ်ဦးက “အဆိုပါ ဆုံးဖြတ်ချက်သည် မျှော်မှန်းထားသည့် လမ်းကြောင်းအပေါ်တွင်ရှိနေပြီး ၎င်းတို့အနေဖြင့် နိုင်ငံအတွင်းစျေးပေါသည့် တင်သွင်းမှုများကို တင်းကြပ်ရန် နှင့် ပြည်တွင်းစက်ရုံများအား ထောက်ပံ့ပေးမည့် အဆိုပါ စီမံကိန်းအား ဆက်လက် စောင့်ကြည့်သွား မည်” ဖြစ်ကြောင်းနှင့် ကမ္ဘာကြီးသည် တရုတ်နိုင်ငံ၏ စျေးပေါသည့် တင်သွင်း ကုန်များကြောင့် အကျိုးဆက်များကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ခံစားခဲ့ ရပြီးပြီ” ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၄ခုနှစ် နှင့် ၂၀၂၅ခုနှစ်အတွင်း ၂နှစ်ဆက်တိုက် သံမဏိချောတင်သွင်းသည့် နိုင်ငံဖြစ်ပြီး ကိုးနှစ်တာ ကာလအတွင်း တင်သွင်းမှု မှာ ၉.၅ မီလီယမ် မက်ထရစ်တန်ချိန် ထိ‌ရောက်ရှိခဲ့ကြောင်း ယာယီ အစိုးရ သတင်း အချက်အလက်များ အရ သိရပါသည်။

Source: The Daily Star

DOCA(ရန်ကုန်)