
ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast က ၎င်းတို့သည် VF 3 မော်ဒယ် အစီးရေ ၄၀၀ ကျော်အား စတင်မိတ်ဆက်ချိန်မှ ၂ လအတွင်း အင်ဒိုနီးရှားမှ အရောင်းကိုယ်စားလှယ်များ နှင့် စားသုံးသူများအားရောင်းချခဲ့ပြီးဖြစ်ကြောင်း ဧပြီလ ၂၁ ရက်နေ့က ကြေညာခဲ့ပါသည်။ ထိုအောင်မြင်မှုသည် ကုမ္ပဏီ၏ အဆင့်မြင့်ထုတ်လုပ်နိုင်စွမ်းရည်ကိုသာမက အင်ဒိုနီးရှားနှင့် ကျယ်ပြန့်သောဒေသအတွင်း VF 3 ၏အားကောင်းသောတည်ရှိမှုကိုပါ သရုပ်ပြနေကြောင်း သိရ ပါသည်။ စတင်မိတ်ဆက်ရောင်းချချိန်မှစ၍ VF 3 သည် ၎င်း၏ ထူးခြားပြီး ခေတ်မီသည့်ဒီဇိုင်း ကြောင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် လူကြိုက်များနေကြောင်း သိရပါသည်။ စားသုံးသူများသည်လည်း VF 3 ၏ကွဲပြားသောဒီဇိုင်း၊ စံချိန်ညီပါဝင်မှုများနှင့် ဈေးနှုန်းနှင့်ကိုက်ညီ သည့် ကောင်းမွန်သောစွမ်းဆောင်ရည်တို့ကြောင့် ချီးမွမ်းလျှက်ရှိကြောင်း သိရပါသည်။ VF 3 ကို ကောင်းမွန်သောမျှချေနှင့် စားသုံးသူ၏ မြို့ပြမောင်းနှင့်မှုစွမ်းရည်အပြည့်အဝရရှိရန် ဒီဇိုင်းဆွဲထား ပြီး တစ်ကြိမ်အပြည့်အဝအားသွင်းပြီးပါက ၂၁၅ ကီလိုမီတာထိမောင်းနှင်နိုင်စွမ်းရှိကြောင်း သိရ ပါသည်။ အရည်အသွေးမြင့်ကားများအားအထူးဈေးနှုန်းများနှင့်ရောင်းချခြင်း၊ ရောင်းချပြီး ဝန်ဆောင်မှုများပံ့ပိုးပေးခြင်းနှင့်အတူ VinFast သည် အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း ၎င်းတို့၏ အရောင်းကုမ္ပဏီနှင့် ဝန်ဆောင်မှုစင်တာကွန်ယက်အား တက်ကြွစွာတိုးချဲ့လျှက်ရှိကြောင်း သိရ ပါသည်။ ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်ကုန်တွင် အင်ဒိုနီးရှား၌ အားသွင်းရုံ ၃၀၀၀၀ တည်ထောင်ရန်ရည်ရွယ်ထားပြီး ထိုမှတစ်ဆင့် စားသုံးသူအတွေ့အကြုံမြှင့်တင်ကာ အစိမ်းရောင် သယ်ယူပို့ဆောင်ရေး အသွင်ကူးပြောင်းမှုကိုမောင်းနှင်သွားမည်ဖြစ်ကြောင်း သိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)