
ဂျပန်နိုင်ငံအခြေစိုက် အီတလီစားသောက်ဆိုင်လုပ်ငန်းဖြစ်သည့် Saizeriya သည် ဗီယက်နမ်တွင် ၎င်းတို့၏ပထမဆုံးဆိုင်ခွဲကို မေလတွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါသည်။ ထိုစားသောက်ဆိုင်သည် ဟိုချီမင်းမြို့တော်၏ Giga Mall ဈေးဝယ်စင်တာတွင် တည်ရှိမည်ဟု သိရပါသည်။ Saizeriya သည်လတ်တလောတွင် ပြည်ပနိုင်ငံများ၌ဆိုင်ခွဲပေါင်း ၆၀၀ ပတ်လည် ဖွင့်လှစ်ထားပြီး ၎င်းတို့၏ပထမဆုံးနိုင်ငံတကာဆိုင်ခွဲကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ဖွင့်လှစ်ခဲ့ ကြောင်း သိရပါသည်။ ထိုမှတစ်ဆင့် ၂၀၀၈ ခုနှစ်၌ တရုတ်တိုင်ပေနှင့် စင်ကာပူတို့တွင် စီးပွားရေး လုပ်ငန်းများထပ်မံတိုးချဲ့ခဲ့ကြောင်း သိရပါသည်။ ဧပြီလ ၉ ရက်နေ့တွင် ကုမ္ပဏီသည် ဩစတေးလျတွင် ထပ်မံတိုးချဲ့ရန်အစီအစဉ်ရှိကြောင်း ကြေညာခဲ့ပါသည်။ ထိုလှုပ်ရှားမှုများနှင့် အတူ ကုမ္ပဏီသည် ၎င်းတို့၏လုပ်ငန်းများကိုတိုးချဲ့ရန်နှင့် အလယ်အလတ်ကာလနှင့် ရေရှည်တွင် စားသောက်ဆိုင်ဈေးကွက် အားလျှော့သွားမှုကိုဦးတည်စေနိုင်သည့် ဂျပန်၏လူဦးရေကျဆင်း လာမှုကြောင့် ၎င်းတို့သည်ဝင်ငွေရရှိရန် အရင်းအမြစ်သစ်များကို ဖန်တီးရန်စီစဉ်ထားကြောင်း သိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)