Main menu

နိုင်ငံတကာထောက်ပံ့မှုကွင်းဆက်ချိတ်ဆက်ရေးအခန်းအနားကို ဗီယက်နမ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

Powered by Drupal

   2025 Vietnam International Sourcing အခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဟိုချီမင်းမြို့တော်ရှိ Saigon Exhibition နှင့် Convenction Center တွင် ကျင်းပမည်ဟု သိရပါသည်။ နေရာနှင့် ရက်နေ့ကိုကြေညာခဲ့သည့်သတင်းစာရှင်လင်းပွဲတွင် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူး Nguyen Thao Hien က ထိုအခမ်းအနားသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ က ၂၀၃၀ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုကွင်းဆက်ကိုဝင်ရောက်နိုင်စွမ်းရှိစေရန်အတွက် အစိုးရခွင့်ပြုသည့်စီမံကိန်းများအကောင်အထည်ဖော်ရန် ဗီယက်နမ်၏ အားထုတ်မှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်အခမ်းအနားသည် အဓိကပရိုဂရမ် ၃ ခုဖြစ်သည့် Vietnam International Sourcing၊ HCM City Export forum နှင့် International Travel Expo Ho Chi Minh City တို့၏ ပူးပေါင်းမှုဖြစ်ကြောင်း သိရပါသည်။ ပွဲစီစဉ်သူများ၏ အဆိုအရ နိုင်ငံနှင့်ဒေသပေါင်း ၆၀ မှ နိုင်ငံတကာဝယ်ယူရေးကိုယ်စားလှယ် ၃၀၀ ကျော် တက်ရောက်မည်ဟု သိရပါသည်။ နိုင်ငံတကာဝယ်ယူသူများသည် ဗီယက်နမ်စီးပွားရေးလုပ်ငန်း ၄၀၀ ကျော်ကဖွင့်လှစ်သည့် ပြခန်းပေါင်း ၅၀၀ ၌ အဓိကကဏ္ဍ ၄ ခုမှတစ်ဆင့် ထုတ်ကုန် ၁၂၀၀၀ ‌ကျော်ကို ကြည့်ရှုလေ့လာခွင့်ရမည်ဟု သိရပါသည်။ ထိုထုတ်ကုန်များတွင် စိုက်ပျိုးရေးထုတ်ကုန်၊ အဖျော်ယမကာ၊ ပြုပြုင်ထုတ်လုပ်ထားသည့်အစားအစာများ၊ အဝတ်အထည်-အထည်အလိပ်များ၊ ဖိနပ်၊ ပရိဘောဂ၊ စက်မှုသုံးကုန်ပစ္စည်းများနှင့် ပုဂ္ဂိုလ်ရေးသုံးအီလတ်ထရောနစ်ပစ္စည်းများပါဝင် ကြောင်း သိရပါသည်။ ထို့ပြင် ကွန်းဖရန့်များနှင့် အလုပ်ရုံဆွေးနွေးပွဲများသည် ဈေးကွက် ဦးတည်ရာများအပေါ်ထိုးဖောက်သိမြင်နိုင်စွမ်းရရှိရန်၊ စားသုံးသူဦးစားပေးမှုနှင့်ပတ်သတ်၍ သိရှိရန်နှင့် အဓိကဈေးကွက်များတွင် ကုန်သွယ်ရေးစည်းမျဉ်းများ၏ နောက်ဆုံးအခြေအနေနှင့် ပတ်သတ်၍သိရှိရန်ပံ့ပိုးပေးနိုင်မည်ဟု သိရပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြားဝယ်ယူသူများ နှင့် ဖြန့်ဖြူးသူများသည်လည်း ဗီယက်နမ်၏ထုတ်လုပ်မှုစွမ်းရည်နှင့် ထောက်ပံ့မှုကွင်းဆက် အလားအလာနှင့်ပတ်သတ်၍ ပိုမိုသိမြင်နိုင်စွမ်းရရှိရန်ပံ့ပိုးပေးနိုင်မည်ဟု သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)