
ဗီယက်နမ်၏အကြီးမားဆုံးကားထုတ်လုပ်သူ VinFast သည် ၎င်းတို့၏ VF 6 EV ကို ဖိလစ်ပိုင်နိုင်ငံ မနီလာနိုင်ငံတကာကားပြပွဲတွင် ပြသခဲ့ပြီး ၂၀၂၇ ခုနှစ် မေလအထိ အခမဲ့ခအားသွင်းခွင့်ပရိုဂရမ်နှင့်အတူ မိတ်ဆက်ခဲ့ကြောင်း သိရပါသည်။ Eco နှင့် Plus မျိုးကွဲ၂ မျိုးရရှိ နိုင်သည့် VF 6 သည် ဈေးနှုန်း အမေရိကန်ဒေါ်လာ၂၄၇၀၀နှင့် ၂၈၁၀၀ အသီးသီးရှိပြီး Eco အမျိုးအစားကို ၂၀၂၅ ခုနှစ် မေလတွင် စတင်ဖြန့်ဖြူးမည်ဟု သိရပါသည်။ ထို EV သည် ၁၅၀ ကီလိုဝပ်လျှပ်စစ်မော်တာအားရှိပြီး အပြည့်အဝအားသွင်းပြီးပါက ၄၈၀ ကီလိုမီတာထိ မောင်းနှင် နိုင်ကြောင်း သိရပါသည်။ ၎င်းကို ၇ နှစ် သို့မဟုတ် ၁၆၀၀၀၀ ကီလိုမီတာအာမခံချက်ပေးထားပြီး အဆင့်မြင့်မောင်းနှင်သူကိုအထောက်အကူပြုစနစ်များပါဝင်ကြောင်း သိရပါသည်။ စားသုံးသူ ယုံကြည်မှုကို အရှိန်မြှင့်တင်ရန် VinFast သည် ကားမူလတန်ဖိုး၏ ၉၀ ရာခိုင်နှုန်းတန်ဖိုးရှိသည့် buy-back မူဝါဒကိုကမ်းလှမ်းထားကြောင်း သိရပါသည်။ ၎င်းတို့သည် ၂၀၂၅ နှစ်ကုန်တွင် ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်း workshop ပေါင်း ၁၀၀ ကျော်ဖွင့်လှစ်ရန်ရည်ရွယ်၍ Motech နှင့် JIGA တို့နှင့် မိတ်ဖက်ဖွဲ့မှုမှတစ်ဆင့် ဝန်ဆောင်မှုကွန်ယက်တိုးချဲ့လျှက်ရှိကြောင်း သိရပါသည်။ VinFast သည် ဖိလစ်ပိုင်တွင် အစိမ်းရောင်ရွေ့လျှားမှုကိုပံ့ပိုးပေးရန်နှင့် စဉ်ဆက်မပြတ်ကြီးထွား စေရန်အတွက် EastWest Bank နှင့် BDO တို့နှင့် နားလည်မှုသဝဏ်လွှာလက်မှတ်ရေးထိုးခဲ့ ကြောင်း သိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)