
ခမာထုတ်ကုန်များအတွက် ကမ္ဘာ့စျေးကွက်ရှာဖွေရန် ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိ ဂျပန်နိုင်ငံ၊ Kansai ပြည်နယ်၊ Osaka မြို့တွင် ကျင်းပလျက်ရှိသည့် World Expo 2025 တွင် ပြည်တွင်းထုတ်ကုန်မျိုးစုံကို ခင်းကျင်းပြသခဲ့သည်။ ကုန်စည်ပြပွဲကို ၁၃-၄-၂၀၂၅ ရက်နေ့မှ စတင်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့အထိ ခြောက်လကြာကျင်းပမည်ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC) မှ နိုင်ငံခြားရေးဝန်ကြီး Samheng Bora နှင့် ကမ္ဘောဒီးယားအဖွဲ့ အကြီးအကဲ တို့သည် World Expo 2025 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn နှင့် ဂျပန်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီး Tuy Ry တို့နှင့်အတူ MoC မှ အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါပြပွဲတွင် ကမ္ဘောဒီးယားက သီဟိုဠ်စေ့၊ ဆန်မွှေး၊ ပန်းပုပစ္စည်းများ၊ အမှတ်တရ လက်ဆောင်များ၊ အဝတ်အထည်၊ ရွှေပိုးထည်နှင့် အနုပညာလက်ရာ များစွာကို ခင်းကျင်းပသခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)