Main menu

ကမ်းရိုးတန်းသွားရေယာဉ် MT ဓနသိဒ္ဓိ အားတရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက် အရ ဗိုလ်တထောင်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များသည် ၁၀.၄.၂၀၂၅ ရက်နေ့ (၁၁:၀၀ မှ ၁၂:၀ဝ) နာရီအချိန်တွင် ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့်  သာကေ တဆိပ်ကမ်းတွင် ကုန်တင်/ကုန်ချပြုလုပ်နေသော  MT ဓနသိဒ္ဓိ င်္ဘောရေယာဉ်အား တရား မဝင်ကုန်ပစ္စည်းများတင်‌ဆောင်ခြင်း ရှိ/မရှိ ၊  လက်နက်ခဲယမ်းများ သိုဝှက်သယ် ဆောင်ခြင်းများ မရှိစေရေး တို့အတွက် ဌာနဆိုင်ရာအဖွဲ့များဖြင့် စဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့စစ်ဆေးရာတွင်  (ရန်ကုန် မှ ဘုတ်ပြင်း )သို့ ထွက်ခွာမည့်      သင်္ဘောတွင် အထွေထွေ ကုန်မျိုးစုံပစ္စည်းများ တန်ချိန် (၁၅၇)တန်ကိုတင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိပြီး  တရားမ ဝင်ကုန်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ  သိုဝှက်သယ်ဆောင်ခြင်း မရှိပါကြောင်း နှင့် ကုန်သွယ် ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်တွင်းရေကြောင်း ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းစစ်ဆေးလျှက် ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)