Main menu

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဧပြီလ ဒုတိယအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၇၃၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၅၂၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၄၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၈၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၅၀၀၀ ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

   ကျိုင်းတုံမြို့တွင် ဧပြီလ ဒုတိယအပတ် စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၄၅၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၇၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၆၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၆၀၀၀ ကျပ် ဈေးနှုန်းများ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

     ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် ဧပြီလ ပထမအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက စားအုန်းဆီ၊ ငရုတ်ခြောက်ပွ၊ ကြက်သွန်ဖြူ(ရှမ်း)ဈေးနှုန်းတို့မှာ အနည်းငယ် ကျဆင်းခဲ့ပါသည်။ ယင်းသို့ စားအုန်းဆီဈေးနှုန်းကျဆင်းရခြင်းမှာ ထိုင်း(ဘတ်)ငွေ ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့သောကြောင့်ဖြစ်ပြီး ငရုတ်ခြောက်ပွ၊ ကြက်သွန်ဖြူ(ရှမ်း)တို့ ဈေးနှုန်းကျဆင်းရခြင်းမှာ ရာသီပေါ်ထွက်ချိန်ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည် ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)