
ပြည်ဈေးကွက်အတွင်း သရက်သီးမှည့်များ ဧပြီလဆန်းတွင်စတင်အရောင်းအဝယ်ရှိခဲ့ပြီး ပေါ်ခါစတွင် မြကျောက်သရက်သီးတစ်လုံးလျှင် အချောကျပ် (၁၀၀၀)၊ အသေးကျပ် (၆၀၀)ခန့် ရှိပါသည်။ ဈေးကွက်သို့ ပြည်ဒေသပတ်ဝန်းကျင်ရှိ မှော်ဇာ၊ ဇီးအုပ်၊ ပေါက်ကုန်း၊ ကင်ပွန်းခြုံ၊ အောင်မြေ၊ ရွှေဘုံသာ၊ ဆင်တဲစသည့်ရွာများမှ အဝင်ရှိနေပြီး တစ်ရက်လျှင် မြို့ပေါ်စည်ပင်ဈေးများသို့ မြကျောက်သရက်အလုံးရေ (၁၀၀၀-၁၂၀၀)ခန့် အဝင်ရှိနေသည်။ ယခုမေလလယ်ခန့်တွင် ပေါ်ခါစဈေးနှုန်းအောက်ကျဆင်းသွားပြီး အဝင်ပိုများကာ အရောင်းပိုသွက်လျက်ရှိကြောင်း သိရပါသည်။ ယခုဈေးနှုန်းမှာ မြကျောက်အမှည့် အချောတစ်လုံးလျှင် ကျပ်(၄၀၀-၅၀၀)ခန့်သာရှိပြီး အသေးတစ်လုံးလျှင်ကျပ်(၂၅၀-၃၀၀)ခန့်နှုန်းဖြင့်သာ ရောင်းဝယ်မှုရှိနေကြောင်း သိရသည်။
DOCA(ပဲခူး)