
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့ရှိ မြို့မဈေးနှင့် ရွှေတည်ဈေးသစ်တို့တွင် မေလ ဒုတိယပတ်တွင် ရောင်းချနေသော အခြေခံစားကုန်များနှင့် ငါးဈေးနှုန်းများမှာ ကြက်သွန်လုံးသန့်ချောတစ်ပိဿာ(၂၀၀၀)ကျပ်၊ ကြက်သွန်နီ အသေးတစ်ပိဿာ(၁၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းမွှာ)တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ အာလူးတစ်ပိဿာ (၇၀၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ(၃၀၀၀)ကျပ်၊ မကျီးသီးမှည်တစ်ပိဿာ အစေ့လွတ်(၁၅၀၀၀)ကျပ်နှုန်း ရှိပြီး သားငါး ဈေးနှုန်းများ မှာ ဗမာ ကြက် တစ်ပိဿာ (၃၅၀၀၀)ကျပ်၊ စီပီကြက် တစ်ပိဿာ (၂၅၀၀၀)ကျပ်၊ ရန်ကုန်ငါးမြစ်ချင်းတစ်ပိဿာ (၂၀၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၃၂၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ (၂၅၀၀၀)ကျပ်၊ ပုဇွန်ထုပ်တစ် ပိဿာ(၅၀၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာ(၃၀၀၀၀) ကျပ်နှုန်းအသီးသီး ရှိကြောင်း စုံစမ်း သိရှိရပါသည်။
ပေါင်းတည်မြို့ပေါ်ရှိ အခြေခံ စားကုန်များနှင့် သားငါးဈေးနှုန်းများမှာ ယခင် ဧပြီလနှင့် ယခုလ ၂၀၂၅ မေလ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အချို့သောကုန်ဈေးမှာ အနည်းငယ် မြင့်တက်လျှက်ရှိပြီး အချို့ကုန် ဈေးနှုန်းများမှာ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း စုံစမ်းသိရှိ ရပါသည်။
DOCA(ပဲခူး)