Main menu

မင်းလှမြို့နယ် စပါး/ဆန်ဈေးကွက် အခြေအနေ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စပါးဈေးကွက်အခြေအနေဖြင့် ဧပြီလကုန် နောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခ ၄၆ ပေါင်တင်း ၁၀၀ လျှင် ၁,၇၁၂,၀၀၀ ကျပ်ရှိခဲ့ပြီး စပါး ဈေးမြင့်တတ်လာခြင်းမရှိပဲ ကျဆင်းလာကြောင်း သိရှိရပါသည်။ မေလပထမပတ်နှင့် ဒုတိယပတ်တို့ တွင် နွေစပါးရတနာတိုး ဗီယက်နမ် ၅၀ ပေါင် ၁၀၀ တင်းလျှင် ၁,၁၈၂,၂၀၀ ကျပ်၊စပါးဟောင်း ဆင်းသု ၅၀ ပေါင် ၁၀၀ တင်းလျှင် ၁,၆၁၀,၀၀၀ ကျပ်သာရှိ၍ စပါးဈေးနှုန်းကျဆင်းလာပါကြောင်း ဝယ်ယူ သောနွေစပါးများမှာ သာယာဝတီနှင့်စစ်ကွင်းမြို့နယ်မှ လာရောက်ရောင်းချပါကြောင်း စပါးကုန်သည် တစ်ဦးထံမှ သိရှိရပါသည်။

      ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခ၊ မနောသုခ၊ ဆန်တစ်ပြည်လျှင် ၃,၀၀၀ ကျပ်၊ ဆန် အဟောင်းတစ်ပြည်လျှင် ၄,၂၀၀ ကျပ်၊ ဆန်အသစ်တစ်အိတ်လျှင် ၆၀,၀၀၀ မှ ၆၅,၀၀၀ ကျပ်၊ ဆန် အဟောင်းတစ်အိတ်လျှင် ၇၅,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ၆,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်၊ ကောက်ညှင်းဆန်တစ်ပြည်လျှင် ၈,၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေပါကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA (ပဲခူး)