Main menu

တစ်ပိုင်တစ်နိုင် ဖူးစားပြောင်းစိုက်ပျိုးမှု

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြပြီး ဖူးစားပြောင်းကို   ပေါင်းတည်မြို့နယ် မကျည်းပင်ကျေးရွာတွင်  ၃ ဧကခန့် စိုက်ပျိုးထားရှိကြောင်းသိရှိရပါသည်။

          ဖူးစားပြောင်း တစ်ဧက စိုက်ပျိုးမည်ဆိုပါက ၅၀၀-ဂရမ်ပါ မျိုးစေ့ထုတ် ၅ထုတ်ခန့်စိုက်ပျိုးရပါကြောင်း၊ ရေတင်စနစ်ဖြင့်စိုက်ပျိုးသည့် အတွက် တစ်ပင်နှင့်တစ်ပင် ၁၀ လက်မအကွာ အစေ့ချ၍    စိုက်ပျိုးရပါသည်။ ဇန်နဝါရီ လဆန်းတွင် စိုက်ပျိုးပြီး မတ်လတွင်စတင်ထွက်ရှိပါကြောင်း ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်အားခ၊ ထွန်ယက်ခအပါအဝင် တစ်ဧက ကျပ် (၁၅)သိန်းကျော်  ခန့်ထွက်ရှိပါကြောင်းသိရပါသည်။ သီးနှံထွက်ရှိ ရောင်းချချိန်တွင် ပြောင်းဖူးတစ်ဖူးလျှင် ငွေကျပ်   (၃၀၀-၄၀၀)နှုန်းဖြင့် တဆင့်ပြန်လည်ရောင်းချသူများမှာ ခြံအရောက် လာရောက်ဝယ်ယူမှုများရှိပြီး  နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ဖြစ်ထွန်းလျှက်ရှိသည့် အတွက်နှစ်စဉ်ပုံမှန် စိုက်ပျိုးလျှက်ရှိကြောင်း ဖူးစားပြောင်းစိုက်ပျိုးသူ တောင်သူများထံမှသိရပါသည်။

DOCA(ပဲခူး)