Main menu

“ဘူးသီးစိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

     ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်သော ဘူးသီးသီးနှံကို အညာဒေသဖြစ်သည့် ကျောက်ဆည်ခရိုင်အတွင်းရှိ‌ ကျေးရွာများမှ တောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း၊ ဘူးသီးသီးနှံကို ကဆုန်လ၊ နယုန်လတို့တွင် စတင်စိုက်ပျိုးပြီး စင်တင်စိုက်ပျိုးရသော အပင်ဖြစ်ပါသည်။ ဘူးပင်စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု အပါအဝင်(၈၀၀၀၀၀)ကျပ် ခန့်ကုန်ကျကြောင်း၊ဘူးသီးကို စိုက်ပျိုးပြီးနောက်(၇၅-၉၀)ရက်အကြာတွင်စတင်ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကလျှင် ဘူးသီးအလုံးရေ(၆၀၀၀-၈၀၀၀)အထိ ခူးဆွတ်ရကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် လက်လီဈေး တစ်လုံးလျှင်(၅၀၀)ကျပ် နှင့် လက်ကားဈေး(၃၀၀)ကျပ်ဖြင့် ဘူးသီးအရွယ်အစားပေါ် မူတည်ပြီးရောင်းချရကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၉၀၀၀၀၀)ကျပ်ခန့် အမြတ်ရရှိကြောင်း ၊ ဘူးသီးရောင်းချရုံမက ဘူးညွန့်များကိုလည်း ရောင်းချရကြောင်း ၊ ဘူးသီးကိုလည်း ချက်စားခြင်းဖြင့် အစာကြေမှုကို အကူအညီပေးပြီး ဝမ်းကိုအေးစေပါသည် ။ ဘူးသီးနှင့်ပတ်သက်၍ ဟင်းလျာအဖြစ် လည်းကောင်း၊ သရေစာအဖြစ်လည်းကောင်း၊ ဘူးသီးကြော်၊ ဘူးသီးချဉ်စသည်ဖြင့် အမျိုးမျိုးပြုလုပ် သုံးစွဲရကြောင်း၊ ဘူးပင်စိုက်ပျိုးခြင်းဖြင့် မိသားစုအတွက် မီးဖိုချောင်သုံး နေ့စဉ်ဝင်ငွေရရှိသည့် အတွက်စိုက်ပျိုးသင့်ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)